191---195

166 18 0
                                    

အခန်း(၁၉၁) – အန္တရာယ် ကျရောက်လာခြင်း။

လင်းဟွမ်သည် တိုက်ပွဲ (၅၀) မြောက်ကို ဆက်တိုက် အနိုင်ပြီးကတည်းက မုဆိုး တိုက်ပွဲ ကွင်းပြင်ထဲသို့ ရက်အနည်းငယ် ကြာအောင် မဝင်ရောက်ဖြစ်ခဲ့ပေ။ ထိုရက်ပိုင်း အတွင်း၌ မုဆိုးတိုက်ပွဲ ကွင်းပြင်ထဲတွင် လူများ စည်ကား နေခဲ့သည်။

နှစ်သစ်ကူးအချိန် နီးကပ်လာပြီ ဖြစ်သော်လည်း ယခုနှစ်တွင် တိုက်ပွဲပေါင်း (၅၀)ကို ဆက်တိုက် အနိုင်ရခဲ့သော လင်းဟွမ်သည် စတုတ္ထမြောက် အောင်မြင်ခဲ့သော လူတစ်ယောက် ဖြစ်လာခဲ့သည်။

ဒါတွင်သာမက တစ်ကြိမ်တည်းပင် တိုက်ပွဲပေါင်း (၅၀)ကျော်ကို ဆက်တိုက် အနိုင်ရခဲ့ခြင်းပင်။ ထို့ကြောင့် ဓါးပါရမီရှင် ဟူသော နာမည်သည် ပျံ့နှံ့လာသည်။

မုဆိုးတိုက်ပွဲ ကွင်းပြင်ထဲတွင် နှစ်စဉ်နှစ်တိုင်း ပွဲ(၅၀) ဆက်တိုက် အနိုင်ရရှိသော လူသည် အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် ပြိုင်ဘက် (၅၀)ကို တစ်ချက်တည်း သတ်ခဲ့နိုင်သောလူသည် လွန်ခဲ့သော (၁၁) နှစ်က နောက်ဆုံးဖြစ်သည်။ ယခုအခါ ထိုပုဂ္ဂိုလ်သည် သာလွန်လူသား တစ်ယောက် ဖြစ်နေသလို အဖွဲ့အစည်းကြီးတစ်ခု၏ အမှုဆောင်အရာရှိ တစ်ဦးလည်း ဖြစ်နေသည်။

နောက်ထပ် ထူးခြားသည့်အချက်မှာ ပွဲ (၅၀) မြောက် တိုက်ပွဲတွင် တိုက်ပွဲကွင်းပြင်၏ ထိပ်ဆုံး အယောက် (၂၀) ထဲရှိနေသော လူတစ်ယောက်ကို တားဆီးသူအဖြစ် စေလွတ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေသည်။ ပထမထပ်မှ ကိုးထပ်အထိ သြဇာ အကြီးဆုံး တားဆီးသူမှာ အဆင့် (၃၃) သာဖြစ်ခဲ့ပြီး အဆင့်(၃၀)ကိုပင် မရောက်ခဲ့ကြချေ။

လင်းဟွမ် ကြုံတွေ့ခဲ့ရသော တားဆီးသမားသည် ပထမဦးဆုံး အကြိမ်ပင်။
ယခုအခါတွင် ဓါးပါရမီရှင် ဟူသော နာမည်သည် ရေပန်းအစားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာ ခဲ့သည်။ လူတော်တော်များများသည် ဓါးပါရမီရှင်၏ အထောက်အထား အစစ်အမှန်ကို ခန့်မှန်းရန်၊ စုံစမ်းရန် ကြိုးစား လာခဲ့ကြသည်။

လင်းဟွမ်က ကြမ်းတမ်းခြင်း နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် ပြည်ထောင်စုအစိုးရ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်သည်ဟု အများစုက ထင်ကြေးပေးနေကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now