61---70

290 32 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၆၁) - ပွင့်လင်းသော ကမ္ဘာကြီး။

မနက်ရှစ်နာရီတွင် လင်းဟွမ်သည် ပချီ၏မြို့တော် ဗဟိုပလာဇာသို့  ပြေးသွားသည်။

အနီးအနားရှိ မုန့်ဆိုင်တစ်ဆိုင်တွင် အဆာပြေမုန့် အချို့ဝယ်ပြီး မနက်စာစားရန် ထီးရိပ်အောက်တွင် ထိုင်လိုက်သည်။

ကြိုတင် မှာယူထားသော နတ်ဆိုး သလင်းကျောက်  အာကာသယာဉ်သည် မနက်ကိုးနာရီ တိတိတွင် ဗဟိုပလာဇာတွင် ပေါ်လာလိမ့်မည်။ ခရီးသည်များကို ယာဉ်ပေါ်သို့ တက်နိုင်စေရန် ဒီနေရာတွင် ငါးမိနစ် ရပ်နားမည်။

နောက်ကျပါက ယာဉ်ပေါ်သို့ တက်နိုင်မည် မဟုတ်ပေ။ နောက်ထပ် အာကာသယာဉ်အတွက် နောက် တစ်ပတ်ခန့် စောင့်ဆိုင်းရမည်။ လင်းဟွမ်သည် အချိန်နှောင့်နှေးခြင်းကို မလိုလား‌ပေ။ ထို့ကြောင့် ဗဟိုပလာဇာသို့
စောစောလာခဲ့ခြင်း ဖြစ်သည်။

မနက်စာ စားပြီးချိန်၌ မနက်ရှစ်နာရီခွဲသာ ရှိသေးသည်။  နှလုံးသားကွန်ရက် စာမျက်နှာထဲသို့ ဝင်ပြီး သတင်းနှင့်ပတ်သက်သော လက်ရှိ သတင်းများကို စစ်ဆေးလိုက်သည်။

နှလုံးသား ကွန်ရက်သို့ ကြည့်လိုက်ရာ တရုတ်ဇီးသီး တာဝါတွင်  ကြီးမား‌သော မွန်းစတားအုပ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည် ဟူသော သတင်းခေါင်းစဉ်တစ်ခု ရှိနေသည်။ သာလွန်အဆင့် ယုချမ်လီကို သတင်းထောက်များက ထို
အဖြစ်အပျက်အကြောင်း မေးခွန်းများကို စက်သေနတ်ပစ်ကဲ့သို့ တရစပ် မေးမြန်းနေကြသည်။ သို့သော်လည်း အားနည်းသော အုပ်စုဖြစ်သည့် ကျုံးလီနှင့် ယုကွမ်းတို့ထံ အာရုံပြောင်းသွားသော မီဒီယာ သတင်းထောက်များလည်း ရှိသည်။

သူတို့သည် လင်းဟွမ်နှင့်အတူတူ ကွာကွယ်ခဲ့ကြသောလူများ ဖြစ်သည်။
သူတို့သည် တန်ပြန်မုဆိုး အကဲဖြတ်မှုအတွက် စာရင်းသွင်းထားပြီး မွန်းစတားအုပ်ကြီး တိုက်ခိုက်ခဲ့သောမြို့ကို ကာကွယ်ရန် အဖွဲ့နှင့် ပူးပေါင်းခဲ့ကြသည်။ သူတို့သည် အမှန်တယ်ကို အားနည်းသော  အသင်းတစ်သင်း ဖြစ်သည်။

အင်တာဗျုးထဲတွင် လူငယ်များက အိုးတို့အမ်းတမ်း ဖြစ်နေကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now