51---60

318 31 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၅၁) - သနားစရာ ကောင်းသော သဲပင့်ကူများ။

သဲပင့်ကူများသည် သဲကန္တာရထဲတွင် နေထိုင်သော ပိုးကောင် မျိုးစိတ်များ ဖြစ်ကြသည်။ အရွယ်ရောက်ပြီးသော သဲပင့်ကူများသည် ခြေထောက် ၆   ချောင်းရှိပြီး  ထူကာ ရှည်သည်။ ထိုထဲမှ လေးချောင်းသည် ဓားသွားများကဲ့သို့ ချွန်ထက်နေပြီး ကျန်သော လေးချောင်းသည်  လှုပ်ရှားနိုင်ရန် ကူညီပေးကာ ခြေထောက် အားလုံးသည် သုံးမီတာကျော်ရှည် ကြသည်။ ဒါသည် အမဲလိုက်ခြင်းကို ကိုယ်စားပြုသည်။

ပင့်ကူများ၏ အနောက်ဘက်တွင် အခေါင်းပေါက်များရှိသည်။ သားဥများချသော အပေါက်ကြီး တစ်ခုရှိပြီး ထိုအပေါက်ကြီးသည် အလယ်တွင် ရှိ သည်။
ပင့်ကူများသည် ၎င်းတို့၏ သားပေါက်ရာသီတွင် ၎င်းတို့၏ ဥများကို
သားကောင်များထံ ထိုးမသွင်းခင် သားကောင်များကို လှိုဏ်ဂူထဲ ဝင်လာအောင် သွေးဆောင် ဖြားယောင်းကြသည်။ ထို့နောက် သားကောင်များကို ပင့်ကူမျှင်များ၊ ပင့်ကူအိမ်များဖြင့် ဖမ်းယူကြသည်။

သားကောင်၏ ကိုယ်အတွင်းတွင် ဥများ ပေါက်ဖွားပြီးနောက် ပင့်ကူလေးများသည် အသက်ရှင်နေသော သားကောင်၏ ကိုယ်တွင်း အင်္ဂါများကို စားသုံးကြသည်။ ထို့နောက် မိသားစုနှင့် ပူးပေါင်းရန် သားကောင်၏ဗိုက်ကို ခွဲ၍ ထွက်လာကြသည်။

အမှန်တကယ်တွင် ဤပင့်ကူများသည် ဒွိလိင် အင်္ဂါရှိသော မျိုးစိတ်များဖြစ်ပြီး တမူထူးခြားသော ဝိသေသ လက္ခဏာတစ်ခု ရှိသည်။ ရံဖန်ရံခါ သဲပင့်ကူနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြပြီး အနိုင်ရသည့်အကောင်က ရှုံးသည့်ကောင်ကို ကိုယ်ဝန်ရအောင် လုပ်တတ် ကြသည်။

သို့သော် တစ်ခါတစ်လေတွင် နှစ်ကောင် သို့မဟုတ် ထိုထက်ပိုများသော ပင့်ကူများသည် တိုက်ပွဲထဲတွင် ပါဝင်လာကြပြီး တစ်ခါတစ်ရံ တိုက်ပွဲထဲတိုင်း ပါဝင်သော သဲပင့်ကူအားလုံး ကိုယ်ဝန်ရသွားနိုင်သည့် အခြေအနေမျိုး ရှိသည်။ သူဦးသူဆော်၊ ကိုယ်ဦးကိုယ်ဆော်ဖြင့် အခြေအနေက အင်မတန်  ရှုပ်ထွေးလှသည်။
ထိုအထဲ၌ အထူးဆန်းဆုံးသည် ပင့်ကူလေးများက  သူတို့၏အဖေကို  ခွဲခြားနိုင်ခြင်းပင်...

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now