441------450

174 23 0
                                    

အခန်း(၄၄၁) - နှုတ်ဆက်ပွဲ။

သူတို့သုံးယောက် ကော်ဖီ သောက်ပြီးသည်နှင့် လင်းဟွမ်က ချက်ချင်း ထရပ်၍  ကောင်တာသို့ သွားပြီး ငွေရှင်းလိုက်သည်။ ပြန်လာသောအခါ ရီရီယွီက စီကောင်းယူ၏ လက်ကိုကိုင်ထားပြီး အချင်းချင်း တိုင်ပင်နေကြပြီး လင်းဟွမ်သည် လူပိုတစ်ယောက်လို  ခံစားနေရသည်။

“အစ်မကြီး၊ မင်းရဲ့ မျိုးရိုးနာမည်က စီကောင်း ဆိုတော့  မင်းက  စီကောင်းကျင်နဲ့  ပတ်သက်လား။

လင်းဟွမ်သည် အခြေအနေက အနေရ ခက်နေသည့်အတွက် စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့် ပါးစပ်ထဲ ထွက်သည့် အကြောင်းကို  မေးလိုက်သည်။

“ရှောင်ကျင်ကို  သိတာလား”

စီကောင်းယူက တအံ့တသြ မေးလိုက်သည်။

“အော်….၊ သူက ငါတို့တွေ ဟင်းလင်းပြင် အပျက်အဆီးထဲမှာ လေ့ကျင့်တုန်းက သင်တန်းသား တစ်ယောက်ပဲ”

“အင်း ငါ့မောင်တစ်ယောက်ပေါ့။ အတိအကျ ပြောရရင် မောင်နှမ တစ်ဝမ်းကွဲ။ ဒါပေမယ့် ငါ့မှာဝမ်းကွဲချည်းပဲ ဆယ်ယောက်ကျော်  ရှိတယ်”
စီကောင်းယူက  ရှင်းပြသည်။

“သူ့   နာမည်ကို ကြားတဲ့အချိန်က သတိထားမိပေမယ့်   မမေးဖြစ်ခဲ့ဘူး”
ရီရီယွီက ထိုကိစ္စကို ပြန်တွေးမိသွားပင် ။ 

“မင်းလည်း  အဲ့ဒီသင်တန်းကို  တက်ခဲ့တာလား”

စီကောင်းယူက မျက်ခုံးပင့်ပြီး မေးလိုက်သဖြင့်

“အင်း၊ သန့်ရှင်းမီးလျှံအဆင့်ကို အဲ့ဒီအချိန်မှာပဲ အဆင့်တက်ခဲ့တာ။   လင်းဟွမ်က   မီးစာ မွန်းစတားကို  သတ်ဖို့အတွက်  ကူညီပေးခဲ့တယ်လေ”

ရီရီယွီက လင်းဟွမ်၏ အကူအညီကိုလည်း မမေ့ခဲ့ပေ။

“အော်၊ အဲ့ဒါက ဘာမှ  မဟုတ်ပါဘူး”

လင်းဟွမ်သည် စီကောင်းယူ စိတ်ကျေနပ်အောင် ရယ်မောပြလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ အင်မော်တယ်အဆင့် တစ်ယောက်၏ မုန်းတီးမှုကို ခံရခြင်းသည်  သူ့အတွက် ကောင်းကျိုးမရှိပေ။

“အို ဘယ်မွန်းစတားကို သတ်ပြီး အဆင့် တက်ခဲ့တာလဲ”

စီကောင်းယူက လင်းဟွမ်ကို စိုက်ကြည့်ပြီး ဆက်မေးလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now