271-----280

249 22 0
                                    

အခန်း(၂၇၁) - လေ့ကျင့်ရေး ဆုလာဒ်။

အတိတ်တုန်းက ဖြစ်ခဲ့လျှင် လင်းဟွမ်သည် ရီဒွန်လီ ဆိုသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဤလေ့ကျင့်မှုကို ပါဝင်ရမည့် အကြောင်းကို သိပြီးနောက် ထိပ်တန်းအဖွဲ့ (၃) ဖွဲ့ အကြောင်းကို လေ့လာပြီးနောက် နတ်ဆိုးသတ်ဖြတ်သူ စစ်တပ်က ရီဒွန်လီ အကြောင်းကို သိလာခဲ့သည်။

နတ်ဆိုးသတ်ဖြတ်သူ စစ်တပ်သည် အဖွဲ့ခွဲ (၇) တွင် ရီဒွန်လီ ကိုယ်တိုင် တည်ထောင်ခဲ့သော ပထမဦးဆုံး ထိပ်တန်းတပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။

အခြားတပ်ဖွဲ့များ ဖြစ်သော နဂါးသတ်ဖြတ်သူတပ်ဖွဲ့ နှင့် အင်မော်တယ်တပ်ဖွဲ့တို့ကို သူတစ်ယောက်တည်း အလုံးစုံ မတည်ထောင်ခဲ့သော်ငြားလည်း ပူးတွဲ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်နေဆဲပင်။

သူက ဏ္ဍာရီတစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် အဖွဲ့ခွဲ (၇) စစ်တပ်၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။

လင်းဟွမ်သည် ရီဒွန်လီ အကြောင်းကို လေ့လာပြီးနောက် ရီကျန်းနှင့် ရီရီယွီတို့သည် မည်သူမည်ဝါ ဖြစ်ကြောင်း အမှန်တတိုင်း သိသွားသည်။

နောက်ဆုံး၌ သူမက နတ်ဆိုးသတ်ဖြတ်သူ စစ်တပ်တွင် မည်ကဲ့သို့ ပါလာကြောင်း နားလည် သွားသည်။ သူတို့၏ မိသားစုမျိုးဆက်ကို ကြည့်လိုက်ပါက   ရီဒွန်လီသည်   ရီကျန်းနှင့် ရီရီယွီတို့၏  အဖိုးပင်။

“ဒီလိုဆို ရီရီယွီက ရွှေမုဆိုး ဖြစ်သလို ပြည်ထောင်စုအစိုးရ နတ်ဆိုးသတ်ဖြတ်သူ စစ်တပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေတာပေါ့”
နောက်ဆုံးတွင် လင်းဟွမ်သည် ရီရီယွီ၏ ကိုယ်ပိုင်ပုံရိပ်  (၂) ခုကို  သိသွားသည်။

ပြည်ထောင်စုအစိုးရ၊ စွန့်စားသူတို့ သုခဘုံနှင့် မုဆိုးအဖွဲ့အစည်းသည်  ရင်းနီးသော  ဆက်ဆံရေး ရှိပြီး အခြား အဖွဲ့အစည်းမှ အဖွဲ့ဝင် တော်တော်များသည် မုဆိုး အဖွဲ့အစည်းမှ မုဆိုးလိုင်စင် ရရှိကြကာ အခြေခံအားဖြင့် အကဲဖြတ်မှု ပြီးသည်နှင့် ရရှိကြသည်။

မုဆိုးအဖွဲ့အစည်းသည် သူတို့၏ ပင်မ အဖွဲ့ဝင်များကို တင်းကြပ်ထားသည်မှအပ အခြား အဖွဲ့အစည်းမှ လူများကို မုဆိုးလိုင်စင် ရယူခြင်း မပြုလုပ်ရန်  တားမြစ်ထားခြင်း မရှိပေ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now