651-------660

159 22 0
                                    

အခန်း(၆၅၁) - အမှတ် သောင်းပေါင်းများစွာ။

ကျိုးစွန်း ရေတွက်ပြီးသည်နှင့် စွန်းရီသည် လင်းဟွမ်က မွန်းစတားများ ဆင့်ခေါ်သည်ကို မစောင့်တော့ဘဲ အရှိန်အဟုန် ပြင်းထန်စွာ ပြေးဝင်သွားသည်။

လင်းဟွမ်က အပြာရောင်မီးလျှံအဆင့်သာ ရှိသေးသောကြောင့် (၂၁) ခုမြောက် စစ်ဆေးရေးဂိတ်ကို သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ရောက်လာရန် မဖြစ်နိုင်ဘူးဟု စွန်းရီက ယူဆထားသည်။ သူ၏ ကိုယ်ပိုင် အတွေ့အကြုံကြောင့် (၂၀) ခုမြောက် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရန် မည်မျှ ခက်ခဲကြောင်း သိရှိထားသည်။ အကယ်၍ သူသာ သန့်ရှင်းမီးလျှံအဆင့် ဆိုပါက သူ့ကိုယ်သူ အားကိုး၍ တက်ရောက်ရန် မဖြစ်နိုင်ချေ။

ပါရမီရှင်သမ္မဂ္ဂ၏ သွက်လက်တက်ကြွသော အဖွဲ့ဝင်များထဲတွင် သန့်ရှင်းမီးလျှံအဆင့်နှင့် ဖြတ်ကျော်နိုင်ခဲ့လူမှာ လွန်ခဲ့သော ခုနစ်နှစ်က ရွှေရောင်မီးလျှံအဆင့် လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် ထိုလူသည် အဖွဲ့ခွဲ (၁) မှ အထွတ်အထိပ် ပါရမီရှင်တစ်ယောက်ပင် ။ (၇) နှစ်ကြာပြီးနောက် ထိုလူသည် (၆၃) မြောက် စစ်ဆေးရေးဂိတ်ကို ရောက်ရှိသွားခဲ့ပြီး ယခုအခါ အင်‌မော်တယ်အဆင့် (၉) ဖြစ်လာခဲ့သည်။

စွန်းရီသည် လင်းဟွမ်က ထိုလူနှင့် တန်းတူညီတူ ဖြစ်‌လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လင်းဟွမ်က သန္ဓေသုံးကြိမ်ပြောင်း အင်မော်တယ် အဆင့် (၂) မွန်းစတားကို အားကိုး၍ ဖြတ်ကျော်နိုင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆထားသည်။ သူ့အတွက်မူ ထိန်းချုပ်သူ အများစုမှာ တော်ရုံတန်ရုံ အဆင့်သာ ရှိသည်။

အစွမ်းထက်သော မွန်းစတားများကို မဆင့်ခေါ်ပါက အမှိုက်များသာ.....
ထို့ကြောင့် စွန်းရီသည် ရေတွက်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် လင်းဟွမ်က မွန်းစတားအား မဆင့်ခေါ်နိုင်ခင် လက်ဦးမှုရယူ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လင်းဟွမ်ဘက်တွင် သူ ဆင့်ခေါ်ထားသော မွန်းစတားများ မရှိပါက တိုက်ခိုက်ရေးအစွမ်း မရှိသည်မှာ သူ့အတွက်တော့ သေချာနေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now