641---------650

188 19 0
                                    

အခန်း(၆၄၁) - စပ်ကြောင်းမဲ့။

လင်းဟွမ် အသူရာ ချောက်ကမ်းပါးထဲမှ ထွက်ခွာလာသည်နှင့် ထိုသတင်းကို ယောင်မိသားစု ကြားလိုက်သည်။

မိဘ ဖြစ်သူများသည် အလုပ်ရှုပ်နေသောကြောင့် ယောင်ဟွမ်ဟွမ်ကို အကြောင်း ကြားရမည့်အစား သမီးကြီးယောင်လန်းထံ ဆက်သွယ် အကြောင်း ကြားလိုက်သည်။

“လန်းအာ… လင်းရှီဆိုတဲ့ ကောင်လေးကို အသူရာ ချောက်ကမ်းပါးထဲမှာ  တွေ့ခဲ့လား…”

စာကြည့်တိုက်ထဲ ရှိနေစဉ် မိခင်ဖြစ်သူက ဖုန်းဆက်၍ မေးလာသဖြင့်

“အင်း…  တွေ့ခဲ့တယ်…”

“သူ့ကို  ဘယ်လို ထင်လဲ…”

ဖခင်က  တိုက်ရိုက်မေးသည်။

“အရမ်း အစွမ်းထက်တယ်။ သမီးနဲ့ အဆင့်တူမယ်ဆို သူ့ကို  မတိုက်ခိုက်နိုင်ဘူး”

ယောင်လန်းက မှတ်ချက် ပေးလိုက်သည်။

“မဖြစ်နိုင်ဘူး… မင်းက အထွတ်အထိပ် ပါရမီရှင်လေ။ သူက ဘယ်လိုလုပ်ပြီး မင်းလိုမျိုး ဉာဏ်ပညာ ရှိနိုင်မှာလဲ…”

ဖခင်ဖြစ်သူ မျက်မှောင်ကြုတ်သွားသည်။

“သူက တိုက်ပွဲစွမ်းရည်တင် မဟုတ်ဘူး။ သာမန် သန့်ရှင်းမီးလျှံ အဆင့်တွေထက် ဘက်ပေါင်းစုံက အများကြီး ပိုအစွမ်းထက်တယ်။ နောက်ပြီးတော့ နည်းစနစ်မျိုးစုံလည်း ကျွမ်းကျင်သေးတယ်။ သူ့စွမ်းရည်က အထွတ်အထိပ် ပါရမီရှင်တွေ ကြားထဲမှာတောင် ထိပ်ဆုံးဖြစ်နိုင်တယ်။ သူနဲ့ အဆင့်တူတဲ့လူက  ငါးယောက်ထက်  မပိုနိုင်ဘူး…”

ယောင်လန်းက ဂုဏ်ယူစွာ မှတ်ချက်ပေးလိုက်သည်။

“မင်း သူနဲ့တိုက်ခိုက်ခဲ့လား…”

ဖခင်ဖြစ်သူသည် သမီးဖြစ်သူ၏ စကားကိုကြားလျှင် မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားသည်။

“ဟင့်အင်း။ သူနဲ့ တစ်ရက် အတူတူနေတဲ့အချိန်မှာ ဟွမ်ဟွမ်  ပြောသလိုပဲ…”

ယောင်လန်းက  ဟန်လုပ်၍  ပြုံးလိုက်သည်။

မိဘများ စိတ်ပူလာသည်။  သမီးကြီးဖြစ်သူက ဤကဲ့သို့  စုံစမ်းစစ်ဆေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now