မှိုင်းအိမ်တော် မနက်ခင်းတွင်
*ဒေါက် ဒေါက်*
"သားရေ ထတော့ထတော့ နေဖင်ထိုးနေပြီ ၊သားရေသားရေ"
သစ္စာ၏အမေဖြစ်သူသည် သူ့သားကိုတံခါးအပြင်မှအိပ်ရာက ထရန်ပြောနေချင်းပင်
"ကျစ် ၊ထမယ် မာမီရေ ထမယ် ထမယ်"
"ဒီကလေးနဲ့ကတော့လေ ဒီအသက်အရွယ်ရောက်နေပြီတစ်နေ့တစ်နေ့ ဒီအပျော်အပါးလောက်ပဲမတ်နေတယ်"
သစ္စာရဲ့အမေဖြစ်သူသည် ခေါင်းအားခါရမ်းကာ သူ၏သားဖြစ်သူကိုအားမရသလိုပြောကာ အောက်ထက်ကိုပြန်ဆင်းသွားလေသည်
သစ္စာတို့သည်အလွန်ချမ်းသာတဲ့အထဲပါတယ် မှိုင်းလုပ်ငန်းစုဟာဆိုလဲအလွန်မှနာမည်ကြီးပြီး မသိသူအလွန်ရှားပါးသောလုပ်ငန်းစုကြီးဖြစ်သည်
သစ္စာသည် သူ့အမေသူ့ကိုနိုးပြီး နာရီဝက်လောက်နေမှသာထသည် ညကclubမှာဟိုကောင်တွေနဲ့ နဲနဲသောက်ထားသောကြောင့် ခေါင်းမကြည်
"မနေ့ကနဲနဲများသွားတယ်ထင်တယ် ပြီးမှမိဝိုင်းကိုသံပရာရည်လေးဖျော်ခိုင်းရမယ် အင်းအခုတော့ရေထချိုးတာပဲကောင်းတယ်"
သစ္စာသည်ရေကိုခပ်မြန်မြန်သာချိုးလိုက်ပြီး
လည်ပင်းပိတ် လက်ရှည်တစ်ထည်ကိုကောက်ဝတ်ကာ အောက်ထက်ကိုဆင်းလာလိုက်တော့သည်"မိဝိုင်း မိဝိုင်း"
"ရှင်ရှင် လာပါပြီကိုကိုကြီး"
"မိဝိုင်းမိဝိုင်း ငါခေါ်နေတာအခါတစ်ရာလောက်ရှိနေပြီ နားကန်းနေသလား"
" အခါတစ်ရာတော့မရှိသေးပါဘူး ကိုကိုကြီးရဲ့"
"ကျစ်!! သွားသွားငါ့အတွက် သံပရာရေဖျော်ခဲ့"
"ဟုတ်ဟုတ်ကဲ့"
"ကိုကိုကြီး သံပရာရည်က အချိုလားအချဉ်လား"
"တောက်စ် အချဉ်အချဉ်"
"ရေခဲထည့်ဦးမလား ကိုကိုကြီး"
"နင့်ဘာသာကြိုက်သလိုသာလုပ်ခဲ့တော့ သံပရာရည်ဆိုပြီးတာပဲ"
"ဟုတ်ဟုတ်"
"ဟုတ်ဆိုသွားလေ ဖျော်ခြေ!!!"
"ကျစ်!! တစ်ယောက်မှကိုစောက်သုံးမကျဘူး"
YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်