PART2 [U]

4.1K 232 2
                                    

အပိုင်း၂

"သစ္စာ ဟျောင့်ငါဒီမှာလာလာ"

လောင်းကစားပွဲကျင်းပမဲ့ ဟိုတယ်သို့သစ္စာရောက်သည်နှင့်သူငယ်ချင်းဖြစ်သူ စိုးခန့်နှောင်ဟာသူ့ကိုလမ်းရမ်းပြကာ သူ့အနားလာထိုင်ရန်ပြောနေတာကြောင့် သစ္စာပြုံးမိသွားသည်။

"ဟျောင့်ခန့် ဒီနေ့ဘယ်သူတွေ ဒီလောင်ကြေးထဲပါမှာလဲ"

"အေးဒီနေ့ကတော့ တကယ့်အထူးဧည့်သည်ကြီးပါတယ်ဗျာ"

"အထူးဧည့်သည်? ဘယ်သူများလဲ ခန့်ဘယ်ကောင်လဲအထူးဧည့်သည်ဆိုတာ"

ခန့်ကဟိုမှာဆိုတဲ့ပုံစံနဲ့ ထိုလူ့ဆီကို‌ မျက်စံပြစ်ပြလိုက်သည့် အခါ...

"အဲ့တာဟိုကောင် ခွန်းသမိုးညိုမလား"

သစ္စာ ရုပ်သည်တန်းကို ဒေါသထွက်နေတဲ့ကျားကောင်အဖြစ်ပြောင်းသွားသည်။

"ဟုပဗျာ မင်းရဲ့ရန်သူတော်ကြီး ကိုခွန်းသမိုးညို"

"ကျစ်!! အဲ့ကောင်ကဒီနေရာကိုဘာလာလုပ်တာလဲ"

"အဲ့တာတော့ ထိုင်နေတဲ့မင်းအဖေကိုသွားမေးလေ ဒီလာမှတော့ ဒီနေ့ပွဲကိုစိတ်ဝင်စားလို့နေမှာပေါ့ဟ"

ထိုင်နေတဲ့မင်းအဖေဆိုတာ ခွန်းကိုပြောလိုက်မှန်းသစ္စာသိတာကြောင့် နဲနဲရှုးရှုးရှဲရှဲဖြစ်သွားပေမဲ့ ခန့်နဲ့သစ္စာတို့ကြားမှာ ဒီလိုသာ‌နေနေကြပြောနေကြမို့စိတ်ထဲမထားလိုက်ပါ

"ထားပါအဲ့တာတွေ ဟိုကောင် ငကောင်း ကော"

"ကောင်းလား အဲ့ကောင်ကတော့သိတဲ့အတိုင်းပဲအခုလဲ စော်လေးတစ်ပွေနဲ့သာယာနေရဲ့"

"အဲ့ခွေးသားကတော့ကွာ ဒီလောက်ပွဲကောင်းတာကိုအဟက်"

-----------------------

ခွန်းသည် ခန့်ရဲ့ သစ္စာကိုခေါ်တဲ့အသံကြောင့်သစ္စာဟိုတယ်ထဲကိုဝင်လာကတည်းက ခွန်းကသစ္စာကိုမြင်သည်။

"အဲ့တာ သစ္စာမှိုင်းလွန်း မလား"

"ဟုတ်ပါတယ်ဆရာ"

"ဒီလောင်း‌ပွဲမှာနိုင်အောင်လုပ် အဲ့ကောင်ရှုံးသွားတာကိုငါကောင်းကောင်းကြီးမြင်ချင်တယ်"

"ဟုတ်ကဲ့ပါဆရာ"

ခွန်းနဲ့သစ္စာဟာ ငယ်ငယ်ကတည်းကမတည့်ကြတာဖြစ်သည်။သူတို့၏အဖေများဖြစ်တဲ့ ဦးခွန်းမဟာနဲ့ဦးလွန်းမှိုင်း တို့ဟာဆိုရင်သူငယ်ချင်းများဖြစ်ကြရာ မှိုင်းအသက်၈နှစ် ခွန်းအသက်၆နှစ်တုန်းက မှိုင်းသည်သူ၏အဖေနှင့်အတူခွန်းတို့အိမ်ကိုသွားဖူးသည်၊ခွန်း ဟာငယ်ငယ်ကတည်းကအေးစက်စက်ဖြစ်တာကြောင့် သစ္စာ၏စကားများကိုပြန်မပြောပဲနားထောင်ရုံသာနားထောင်၏ သစ္စာဟာလဲကလေးပီပီအဖော်မက်ခဲ့သည် ခွန်းနဲ့စကားပြောဖို့ကြိုးစားကြည့်ခဲ့ပေမဲ့သူကစကားအခွန်း၁၀၀ပြောလို့် ခွန်းကတစ်ခါတောင်ပြန်ပြောတာမဟုတ်သောကြောင့် မိသားစုမှာအငယ်ဆုံးအလိုလိုက်ခံရဆုံးသစ္စာဟာဒေါသထွက်မိသည် အဲ့လိုတွေနဲ့ရန်တွေအမျိုးမျိုးဖြစ်ခဲ့ကြကာယခုအချိန်ထိမတည့်ကြသေးတာဖြစ်သည်။

ထိုအချိန်တွင်

"ဒီနေ့ပွဲလေးကိုလာရောက်ပေးကြတဲ့ လူကြီးမင်းများခဗျာ မကြာခင်မှာပွဲစတော့မည်ဖြစ်သောကြောင်း ကြေငြာအပ်ပါတယ်ခဗျာ"

စင်ပေါ်သို့မှမိုက်ဖြင့်ပြောလိုက်သော လူ၏စကားသံကြောင့်လူအများ၏အာရုံသည် စင်ပေါ်သို့

"ဟျောင့် သစ္စာသားကြီး ပွဲစတော့မယ်ထင်တယ်"

သစ္စာ - "ငါနိုင်ကိုနိုင်ရမယ်"

ခွန်း -  "ဒီပွဲငါနိုင်မှာ"

------------------------

ဒီညနှစ်ပိုင်းupပေးလိုက်ပါတယ်နော် ဖတ်ရတာအဆင်ပြေရဲ့လားရှင် ရှင်တို့အလှလေးအပိုင်းကလာတော့မှာပါနော်

Good night ပါရှင်

#မေ

30,5,2023
At 11:35pm

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now