PART9 [U]

3.5K 237 24
                                    

အပိုင်း၉

သာယာတဲ့နံနက်ခင်းလေးတစ်ခုမှာတော့ လူတိုင်းဟာအိပ်ယာထသူကထ အလုပ်လုပ်သူကလုပ် မနက်စားစားသူကစားနဲ့အလုပ်ရှုပ်နေချိန် အခန်းတစ်ခန်းရဲ့ကုတင်ပေါ်မှာ တစ်ယောက်နဲ့‌တစ်ယောက်ဖက်ကာအိပ်နေကြတဲ့ ကောင်လေးနှစ်ယောက်လဲရှိနေပြန်တယ်။

ယောင်္ကျားဖြစ်သူရဲ့ရင်ခွင်ထဲမှာ အေး‌အေး‌ချမ်းချမ်းအိပ်နေတဲ့ခန္ဓာကိုယ်လေးဟာလဲ လှုပ်ရှားလာတယ်။

သစ္စာသည်အလိုလိုဆို နေ့ခင်း၁၂နာရီလောက်မှထလေ့ရှိပေမဲ့ ဒီနေ့တော့စောစောအိပ်လိုက်မိတာကော သူ့ကိုတစ်ခုခုကတင်းတင်းကြပ်ကြပ်ဖက်ထားတယ်ခံစားရတာကြောင့်ပါ လွတ်လွတ်လပ်လပ်အိပ်မရ၍နိုးလာတာပင်။

သစ္စာသည် မျက်လုံးအားတန်းမဖွင့်သေးပဲ နှာနှာခေါင်းတွင်ရနေသော ယောင်္ကျားဆန်ဆန် ကိုယ်သင်းနံ့အား တရှုံ့ရှုံ့ဖြစ်အနံ့ခံနေမိသည်။

"ဟော့ ဘယ်ကခွေးလဲ လူကိုတစ်ရှုံ့ရှံ့နဲ့"

ခွန်း၏အသံဩဩကြောင့် မပွင့်သည့်မျက်လုံးများတန်းပွင့်ကုန်တော့၏။ခွန်း၏အသံသည် ယခင်ကတည်းကပင်ယောင်္ကျားဆန်ဆန်ခပ်ဩဩဖြစ်ပြီး ယခုလိုအိပ်ချင်မူးတူးအသံဖြင့်ပြောသောအခါပို၍ အသံကdeepဖြစ်သွားကာဆွဲဆောင်မှုအလွန်ရှိလေသည်။

"ဘာ မင်းကငါ့ကိုဇွတ်အတင်းဖက်ထားတာမဟုတ်ဘူးလား မအေ*ိုးရဲ့"

ထိုအချိန်မှသာခွန်းသည်သူတို့အိပ်နေပုံကိုပြန်ကြည့်မိကာ သစ္စာဟာသူ့ရင်ခွင်ထဲရောက်နေပြီး သူကသစ္စာကိုရင်ခွင်ထဲမြုပ်မတတ်ဖက်ထားသေးသည်။

"မင်းမနေ့ညကဘာ‌‌ တွေပြောခဲ့လဲပြန်စဥ်းစားပါဦးဟမ် 'သစ္စာကိုထားမသွားပါနဲ့ အင့်၊သစ္စာကြောက်တယ်' ငါအူ*ိုး"

"မင်းမင်း"

"ဘယ်ကောင်ကိုမှမကြောက်ဘူးဆိုတဲ့ သစ္စာမှိုင်းလွန်‌တို့က မိုးခြိမ်းတာလေးကိုတော့ကြောက်တယ်တဲ့"

"တော်တော့ ဟျောင့်!!"

ထိုအချိန်....

"Oh,baby.. where are u now when I need you the most ?~ "

ခွန်း၏ဖုန်းမှ ဖုန်းလာသောကြောင့်ကြည့်လိုက်ရာ သူ့ကိုဖုန်းခေါ်သည့်သူဟာ စွမ်းဖြစ်နေတာကြောင့်အလျင်အမြန်ပင်ကိုင်လိုက်သည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now