PART17 [U]

3.7K 186 8
                                    

[Warning!! ⚠️ This episode contains disturbing content and some adult 18+ scenes,so please don't read if you don't like it 🚨🚨]

အပိုင်း၁၇..

"အိရှ်ပ်အိုင် (hi) ဖီဖီ"

"လာစမ်းမင်းဖအေကိုမလေးမစား"

"ဖီဖီ ရယ်ဒါမလေးစားဘူးမခေါ်ပါဘူး ချစ်လို့ပါ"

"မင်းနဲ့တော့နော် မင်းအခုအသက်ဘယ်လောက်လဲ"

"သိချင်ရင် အမေ့ကို‌မေးလိုက်ပေါ့"

"အေးဟုတ်သား မေကြီးရေ မင်းသားအသက်- ဟာ!! ယောင်ကုန်ပြီ ငါမင်းကိုမေးနေတာ ဒီပါမင်းခန့်"

"ခွီးးး ဖီဖီရယ် သားအသက်သိရဲ့သားနဲ့ဘာလုပ်မလို့လဲ"

"မင်းအသက်အရွယ်နဲ့ ဖီဖီဆိုပြီးဖအေနဲ့မအေကိုကပ်ချွဲတာ‌တွေစတာနောက်တာတွေတော်သင့်ပြီ မင်းကောင်ကြီးခွန်းသပဲကြည့်အခုဆိုသူ့‌အိမ်ထောင်‌နဲ့သူ မင်းမှာရည်းစားတွေပေါတယ်လို့ကြားတယ် ဘယ်လိုလဲအဲ့ထဲကမင်းသဘောကျတဲ့သူရှိလား သင့်တော်ရင်ဒီကမင်းမိဘတွေကပေးစားပါမယ်ကွာ"

"ဟာ ဖီဖီတို့ကဇွတ်ပါလားဘာလဲ ကိုယ့်သားလေးနဲ့အတူတူမနေချင်တော့တာလား"

"ဖယ်စမ်းကွာ မင်းခန္ဓာကိုယ်ကြီးမင်းရုပ်ကြီးနဲ့ကပ်ချွဲနေတယ် မင်းရဲ့ဒီမိဘတွေကတစ်သက်လုံးမင်းနဲ့အတူနေနိုင်မှာမဟုတ်ဘူး သေချိန်တန်သေကြရမှာ"

"ဟာဖီဖီရယ် အဲ့လိုနိမိတ်မရှိနမာမရှိတွေပြောပြန်ပြီ မပူပါနဲ့သားသာမိန်းမလိုချင်ရင်‌ဖီဖီတို့သဘောမတူလဲယူမှာ"

"အဟွန်း ငါ့သားကမိန်းမယူမှာပေါ့"

"‌မိန်းမ မယူလို့..ဟာဗျာဖီဖီကလဲ သားကအဖြောင့်ကြီးပါသံပေတံတောင်သားလောက်မဖြောင့်တန်းဘူး"

"အေးပေါ့ကွာ မင်းဘာသာမိန်းမယူယူယောင်္ကျားယူယူ"

"မိန်းမပဲယူမှာပါဆို!!!"

"သားဖြောင့်တာကဘယ်လိုဖြောင့်တာလဲ ဂျယ်လီပေတံလိုလား"
ဒီပါ့အမေဖြစ်သူက ရီရင်း‌ဒီပါ့ကိုမေးလာသည်။

"ဟွန်း ဖီဖီတို့ကြည့်ထားသားကမိန်းမပဲယူမှာ"

"ကြည့်ရသေးတာပေါ့ကွာ အဟင်းအဟင်း!!!"

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now