PART25 [U]

2.9K 163 30
                                    

[Warning!! ⚠️ This episode contains disturbing content and some adult 18+ scenes,so please don't read if you don't like it 🚨🚨]

အပိုင်း၂၅....

6လခန့်အကြာ

အချိန်တွေဟာတစ်‌ရွေ့ရွေ့နဲ့ကြာလာတာနဲ့အမျှ သစ္စာအတွက်တော့ခွန်းသမိုးညိုအပေါ်မေတ္တာတွေတိုးလာသလို သူတို့နှစ်ယောက်ကြားတစ်စတစ်စ ဝေးကွာလာပြီ။အခုဆိုလျှင်ခွန်းသမိုးညိုနဲ့စွမ်းတို့ကြားကဆက်ဆံရေးကထင်ထားတာထက်ကို ပိုပြီးကောင်းမွန်လာလေပြီ။ဒီအရာကြီးကခွန်းနဲ့သစ္စာ့အကြားမြေဖြူခဲနဲ့စည်းခြားလိုက်သယောင်ယောင်။

ကိုယ့်အနားမှာအမြဲရှိပေးတာဆိုလို့ ပြေးကြည့်ရင်မိသားစုနဲ့ဒီသူငယ်ချင်းနှစ်ယောက်သာရှိသည်။ဒါကြောင့်သူခံစားနေရတဲ့အရာတွေကိုရင်ဖွင့်မည်။

သစ္စာကသာချိန်းထားတဲ့နေရာကိုစောပြီးရောက်နေသူ။ဟောလာပါပြီ ခန့်တို့ကအရင်လိုမဟုတ်တော့ဘူး အခုဆိုဘယ်သွားသွားဘယ်လာလာရှိုင်းကုဋေဆိုတဲ့ကောင်လေးနဲ့ ကိုယ့်သူငယ်ချင်းဒီလိုအချစ်ခံနေရတာမြင်တော့ဝမ်းသာမိတာအမှန်

ငါ့သူငယ်ချင်းလေးဟုတ်လှဟုတ်လှနဲ့ ရည်းစားထားတာတောင်၃လပြည့်ပြီးမှofficalချပြတယ်။

"အဟွင်း..မင်းရဲ့မောင်မောင်ကလိုက်ပို့တာပေါ့"

သစ္စာကစတော့ ခန့်ကရီပါသည်။သူ့ကောင်လေးအကြောင်းပြောရင်ကိုအမြဲသူ့မှာဖြစ်ပျက်နေလိုက်တာ

"ဟိုကောင်တရုတ်ကြီးမရောက်သေးဘူးလား"

"သိတဲ့အတိုင်းပဲခနငါဖုန်းဆက်ပေးမယ်"

သစ္စာကဖုန်းဆက်တော့တစ်ဖက်ကပြန်ကိုင်တဲ့သူကတရုတ်ကြီးမဟုတ်တဲ့တရုတ်ကြီးလင်ဖြစ်နေသည်။

"အကိုရေဘေဘီကရေချိုးနေလို့ခဗျ"

"ဒီကောင်ကတော့ကွာ ရေကိုအခုမှချိုးရတယ်လို့ဟုတ်ပြီဟုတ်ပြီသူမေ့နေမှာဆိုးလို့အကိုတို့လှမ်းဆက်တာဒီမှာခန့်လဲရောက်နေပြီမလို့"

"အာဟုတ်ပြီဗျ သူစောစောကမြင်းစီးလေ့ကျင့်နေလို့ရယ် အဟားဟား"

သစ္စာကspeakerဖွင့်ထားတာမလို့ ခန့်ကပါကြားနေရသည်။မြင်စီးလေ့ကျင့်နေလို့ ဆိုတာလဲကြားရော သစ္စာရဲ့အဲ့တာသာကြည့်တော့ဆိုတဲ့မျက်နှာဘေးနဲ့အတူ ခန့်ကလည်းယွယွနိုင်လွန်းပါတယ်ကွာဆိုပြီးအသံတိုးတိုးနဲ့ဆဲလိုက်သေးသည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now