[Warning!! ⚠️ This episode contains disturbing content and some adult 18+ scenes,so please don't read if you don't like it 🚨🚨]
အပိုင်း၁၇..
"အိရှ်ပ်အိုင် (hi) ဖီဖီ"
"လာစမ်းမင်းဖအေကိုမလေးမစား"
"ဖီဖီ ရယ်ဒါမလေးစားဘူးမခေါ်ပါဘူး ချစ်လို့ပါ"
"မင်းနဲ့တော့နော် မင်းအခုအသက်ဘယ်လောက်လဲ"
"သိချင်ရင် အမေ့ကိုမေးလိုက်ပေါ့"
"အေးဟုတ်သား မေကြီးရေ မင်းသားအသက်- ဟာ!! ယောင်ကုန်ပြီ ငါမင်းကိုမေးနေတာ ဒီပါမင်းခန့်"
"ခွီးးး ဖီဖီရယ် သားအသက်သိရဲ့သားနဲ့ဘာလုပ်မလို့လဲ"
"မင်းအသက်အရွယ်နဲ့ ဖီဖီဆိုပြီးဖအေနဲ့မအေကိုကပ်ချွဲတာတွေစတာနောက်တာတွေတော်သင့်ပြီ မင်းကောင်ကြီးခွန်းသပဲကြည့်အခုဆိုသူ့အိမ်ထောင်နဲ့သူ မင်းမှာရည်းစားတွေပေါတယ်လို့ကြားတယ် ဘယ်လိုလဲအဲ့ထဲကမင်းသဘောကျတဲ့သူရှိလား သင့်တော်ရင်ဒီကမင်းမိဘတွေကပေးစားပါမယ်ကွာ"
"ဟာ ဖီဖီတို့ကဇွတ်ပါလားဘာလဲ ကိုယ့်သားလေးနဲ့အတူတူမနေချင်တော့တာလား"
"ဖယ်စမ်းကွာ မင်းခန္ဓာကိုယ်ကြီးမင်းရုပ်ကြီးနဲ့ကပ်ချွဲနေတယ် မင်းရဲ့ဒီမိဘတွေကတစ်သက်လုံးမင်းနဲ့အတူနေနိုင်မှာမဟုတ်ဘူး သေချိန်တန်သေကြရမှာ"
"ဟာဖီဖီရယ် အဲ့လိုနိမိတ်မရှိနမာမရှိတွေပြောပြန်ပြီ မပူပါနဲ့သားသာမိန်းမလိုချင်ရင်ဖီဖီတို့သဘောမတူလဲယူမှာ"
"အဟွန်း ငါ့သားကမိန်းမယူမှာပေါ့"
"မိန်းမ မယူလို့..ဟာဗျာဖီဖီကလဲ သားကအဖြောင့်ကြီးပါသံပေတံတောင်သားလောက်မဖြောင့်တန်းဘူး"
"အေးပေါ့ကွာ မင်းဘာသာမိန်းမယူယူယောင်္ကျားယူယူ"
"မိန်းမပဲယူမှာပါဆို!!!"
"သားဖြောင့်တာကဘယ်လိုဖြောင့်တာလဲ ဂျယ်လီပေတံလိုလား"
ဒီပါ့အမေဖြစ်သူက ရီရင်းဒီပါ့ကိုမေးလာသည်။"ဟွန်း ဖီဖီတို့ကြည့်ထားသားကမိန်းမပဲယူမှာ"
"ကြည့်ရသေးတာပေါ့ကွာ အဟင်းအဟင်း!!!"
YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်