PART12 [U]

4.1K 242 12
                                    

အပိုင်း၁၂......

မနက်၇နာရီ...။

မနက်ခင်းစောစောစီးစီးတစ်ခုမှာတော့ ကောင်လေးတစ်ယောက်ကသူ့၏အမျိုးသားအိပ်နေပုံအားကြည့်ကာပြုံးနေတော့သည်။အဲ့ကောင်လေးကဘယ်သူပါလိမ့်နော်...

ခွန်းဒီမနက်စောစောနိုးနေသည်။မျက်လုံးဖွင့်လိုက်သည့်အခါမြင်လိုက်ရတဲ့လည်တိုင်ဖွေးဖွေးမှာမနေ့ညကသူ့သွားနဲ့ပုံဖော်ထားတဲ့အမှတ်ရာလေးတွေ လည်တိုင်တင်မဟုတ်ပဲတစ်ကိုယ်လုံးပေါ်မှာပင်။

ခွန်းသည်လည်း အသက်ပြည့်ပြီးသားလူငယ်ဖြစ်သည်မို့ဒီလိုကိစ္စမျိုးကသူ့အတွက်တော့မနေ့ညကပထမဆုံးမဟုတ်ပေ သူနှင့်အိပ်ခဲ့သောသူများဟာလဲမိန်းကလေး‌များဖြစ်ကြပြီးလိင်တူ
ဆက်ဆံတာဟာကတော့ သစ္စာနှင့်မှပထမဆုံးပင်။

မနေ့ညကသူတို့နှစ်ယောက်ရဲ့ အ‌နေအထားတွေဆက်ဆံခဲ့ပုံတွေ တစ်ဖက်လူရဲ့ရမက်ပြင်းနေတဲ့အချိန်တွေအား‌ပြန်တွေးကြည့်လိုက်သောအခါ ပါးစပ်စိမရ ပြုံးနေမိသည်။

ခွန်းကိုယ်တိုင်ပင်မသိတော့ပါ ဘာကြောင့်များသူဒီလိုရူးကြောင်ကြောင်တွေလုပ်နေမိပါလိမ့် ပြုံးနေတဲ့မျက်နှာကိုတည်ကာ ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ အိပ်နေသောလူရဲ့‌ဆံပင်များအပေါ်ရောက်နေတဲ့လက်ကိုပြန်ရုတ်သိမ်းကာ company သွားရန်ပြင်ဆင်တော့သည်။

_______________________________
မနက်၁၀နာရီ...

သစ္စာမနေ့ညကဒဏ်ကော နဲနဲသောက်မိတာကောကြောင့်ပေါင်းကာ နိုးသည့်အခါနံကပ်ကြီးကနှစ်ခုဖြစ်နေပြီး ခေါင်းတွေအလွန်ကိုက်နေခဲ့သည်။

"တောက်စ်!!"

မနေ့ညကအကြောင်းကိုတွေးမိကာ ရှက်လွန်း၍ကိုယ့်မျက်နှာကိုသာဓားနှင့်လှီးပြစ်ချင်လှပြီ ကိုယ်ကအရင်တစ်ဖက်လူကိုသွားစတာမလား။သေချာတယ်မနေ့ညက သူ့ဆေးမိထားတာ ထိုအချိန်ခေါင်းထဲအား ကောင်း သူ့ကိုပြောခဲ့တဲ့စကားတစ်ခွန်းပြန်မှတ်မိလာတယ်

*"အေးအေး ဒီညမင်းယောင်္ကျားကိုဂရုစိုက်လိုက်ဦး အယ်မှားလို့ မင်းဂရုစိုက်နော်လို့ အဟင်းဟင်း"

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now