PART26 [U] p1

4.2K 200 52
                                    

အပိုင်း၂၆...

နှလုံးသားလှသူကြီး နှင့် ရင်ဘတ်အပေါက်နဲ့သူတစ်ဉီး...


"မချစ်ပဲဘာလို့သည်လိုတွေလုပ်နေတာလဲ.."

မျက်ရည်တွေနဲ့အငိုမျက်ဝန်းတွေ..မင်းအဲ့လောက်ကိုပျော့ညံ့တာလား သစ္စာမှိုင်းလွန်..?

"ကောင်းပြီ ကွဲမယ်‌ဝေးမှဝေးရင်လဲဘယ်တော့မှပြန်မလာနဲ့တော့"

"အင်း..စိတ်ချ"

စိတ်တိုတိုနဲ့‌ ပြောလိုက်မိပေမဲ့ ဒီစကားကိုအတည်ယူစရာလား မင်းဘာတွေဖြစ်နေတာလဲသစ္စာမှိုင်းလွန်!! ပြန်ပြောလေအရင်ကလိုငါ့ကိုတစ်ခွန်းမကျန်ပြန်မအော်တော့ဘူးလား ဟမ်..? ငါဘာပြောပြောမဆဲတော့ဘူးလား မင်းကဘာလို့အခုလိုပျော့ညံ့ပြနေတာလဲ? ငါသိခဲ့တဲ့သစ္စာမှိုင်းလွန်ကဒီလိုလူမျိုးမဟုတ်ဘူး။

ခွန်းကောသစ္စာပါစိတ်တွေလေးနေပြီ..
တစ်ယောက်ကလဲသူ့ကိုဖက်ထားပြီး အကုန်လုံးကိုလွှတ်ချကာသူ့လက်မောင်းပေါ်မှာငိုချချင်မိသည်။ကျန်တစ်ယောက်ကလဲသူ့ရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုဆွဲသုတ်ပေးချင်မိသည်။သူတို့နှစ်ယောက်ကြားလက်တစ်ကမ်းအကွာအဝေးကတောင်ဒီအခြေအနေမှာတံတိုင်းအထပ်၁၀၀လောက်ခြားထားသလို ဘယ်တစ်ဦးတစ်ယောက်ကမှထိုတံတိုင်းတွေကိုမဖြိုချသလို ဖြိုချဖို့လဲမကြိုးစားကြပါ တကယ်နီးနီးလေးနဲ့တောင်ဝေးနေပြီ..

ခွန်းကပဲအရင်လသာဆောင်ဘက်ထွက်ပြီး dream bed ပေါ်မှာစိတ်ပျက်လက်ပျက်စီးကရက်သာရှိက်နေရင်းအတွေးပေါင်းသောင်းခြောက်ထောင်..အဲ့စောက်အတွေးတွေအကုန်စီးကရက်ငွေ့လိုသာလေထဲပျောက်သွားရင်ကောင်းသား။

သစ္စာကတော့ပုံစံကိုမပျက် သူ့ပုံကဒုန်းဒုန်းကျနေတဲ့လူတစ်ယောက်အလား.."ဘယ်တော့မှပြန်မလာနဲ့"..သူတို့တကယ်ဝေးပြီလား..

နှစ်ယောက်လုံးရဲ့ခေါင်းထဲကိုတန်းစီဝင်လာတာကတခြားမဟုတ်တဲ့သူတို့အဆင်ပြေခဲ့တုန်းကအမှတ်တရတွေ..

ပုံပြင်လေးလို..

"ဟော့ ကားကိုမဲနေတာ‌လားအသေးလေး"

ဒ‌ဏ္ဍာရီတစ်ခုလို..

"ဘာ မင်းကငါ့ကိုဇွတ်အတင်းဖက်ထားတာမဟုတ်ဘူးလား မအေ*ိုးရဲ့"

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now