PART16 [U]

4K 209 23
                                    

အပိုင်း၁၆...

သစ္စာညနေကြမီးရှူးမီးပန်းသွားကြည့်ရန် ဟိုလူကိုMessengerကနေ ပို့လိုက်သည့်စာကတစ်ကြောင်းထဲ

"ညနေကြ ပန်းခြံမှာစောင့်နေမယ်"

စာကြောင်းလေးတိုတိုကိုပို့ပြီးသည်နဲ့ ညနေအတွက်စားရန် ကွက်ကီးဖုတ်ဖို့စဉ်းစားမိသွားသည်။

သစ္စာဒီလိုမျိုးတွေတစ်ခါမှမလုပ်ဖူးပါ YouTube ကနေ လုပ်နည်းတွေကြည့်ပြီးလုပ်ရသည်မှာ လွယ်လှသည်မဟုတ် Oven ထဲထည့်ပြီးပြန်ထွက်လာတော့ ကွက်ကီးအတော်အများကပုံထွက်များမလှတာနဲ့အခါခါပြန်လုပ်ရသေးသည်။မီးဖိုချောင်တစ်ခုလုံးလဲပေပွနေသလို သစ္စာ၏ဆံပင်၊ဝတ်ထားသည့် kitchen apron နဲ့အတူမျက်နှာအနံ့အပြားမှာလဲ ဂျုံမှုန့်ဖြူဖြူတွေပေကပ်နေသေးသည်။

ဒါကိုမြင်အခါ ခွန်းသမိုးညိုရဲ့အမေဖြစ်သူအန်တီမေဦးက

"သားဘာတွေလုပ်နေတာလဲ သားတစ်ယောက်ထဲရရဲ့လား အိမ်မှာ လှနွယ်‌တို့မိလှိုင်လဲရှိတယ် ‌ဒေါ်‌နှင်းလဲရှိတယ်သူတို့ကိုလိုရင်လဲခေါ်‌နော်သား"

"ဟုတ်သားရပါတယ် တစ်ခါမှဒီလိုမလုပ်ဖူးလို့ပါ၊ညနေကြခွန်းသမိုးညိုနဲ့ပန်းခြံသွားမလို့ ဒါလေးတွေလုပ်သွားရမလားလို့လုပ်ကြည့်တာပါ"

"အေးကွယ်‌ကောင်းတယ်ကောင်းတယ် သားတို့အခု‌လိုသင့်သင့်မြတ်မြတ်နှစ်ယောက်ရှိကြတာ"

သစ္စာအသာပြုံးပြလိုက်သည်။အန်တီမေဦးကလဲပြုံးပြုံးနဲ့မီးဖိုခန်းကနေထွက်သွားတော့သည်။

ကွက်ကီးလေးတွေလှလှပပထွက်လာသည့်အခါ
ရောင်စုံ cream တွေကို creamညစ်အိတ်လေးတွေထဲထည့်ကာ ကွက်ကီးလေးတွေအပေါ်အလှဆင်မယ်အလုပ် creamကထွက်မလာပဲဖြစ်နေသည်။ဘယ်ထွက်လာမလဲ creamအိတ်ရဲ့ထိပ်ကအပိတ်လေးကိုမှမဖွင့်ရသေးပဲ သစ္စာထိပ်ကအပိတ်လေးကိုဖွင့်လိုက်တဲ့အခါမှပဲcreamများကထွက်လာတော့သည်။creamခေါင်းအမျိုးမျိုး အရောင်အမျိုးမျိုးကိုအသုံးပြုပြီး သစ္စာလေးမှာအနုစိတ်ပုံဖော်နေမိသည်။

Creamလေးတွေနဲ့ပုံဖော်ပြီးတဲ့အခါ chocolate chipလေးတွေအပေါ်ကနေနဲနဲဖြူးလိုက်တော့ သစ္စာပြုလုပ်ထားသည့်ကွက်ကီးလေးများကစားချင်စဖွယ် သစ္စာလေးသည်သူကိုယ်တိုင်လုပ်ထားတဲ့ကွက်ကီးလေးတွေကိုကြည့်ပြီး အလွန်သဘောကျနေပုံပင် ညီညီတန်းတန်းသွားဖြူဖြူလေးများပေါ်သည်အထိပြုံးနေသေးသည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now