PART23 [U]

3.4K 157 11
                                    

အပိုင်း၂၃...

"ငါ့ဘဝထဲ မင်းဝင်ရောက်လာတဲ့
နေစွဲကစလို့ အားလုံးကပြောင်းလဲ..
အနားကမခွဲ မင်းပြုစားပါတယ်
ဒီဒဏ်ရာတွေကို မေ့ပြီးငါ
အချစ်ကမင်းလို့ကို အဓိပ္ပာယ်ဖွင့်ဟ..
မှန်လား မမှန်လားမသိ
ငါသိတာမင်းပဲရှိ~။


ကောင်းသူ့ခန္ဓာကိုယ်ကြီးကိုရင်ခွင်ထဲထည့်ပြီး အသက်ရှုကြပ်မတတ်ဖက်ထားတဲ့ လူ့ဂွစာကြောင့် ကျစ်ဆုတ်သတ်မိသည်။

"ကျစ်..လီးကောင်သွားစမ်းပါ ကိုယ့်ဘာသာ‌မနေဘူးဘာကိစ္စဇွတ်ဖက်နေတာလဲ"

ကောင်းသူ့ခန္ဓာကိုယ်ကိုကြီးကိုတွန်းပေမဲ့ တုတ်တုတ်တောင်မလှုပ်..ဘောပဲ

ပွစိပွစိနဲ့ကောင်းရေရွတ်နေတော့ အိပ်နေပါတယ်ဆိုတဲ့လူရဲ့ဆီကတခွီခွီအသံထွက်လာတော့သည်

အော် ဒင်းကအိပ်‌ချင်ယောင်ဆောင်နေတာပေါ့
ကောင်းအမြင်ကပ်စွာ သူ့ဆံပင်တွေဆောင့်ဆွဲမှသာ ဖက်ထားတဲ့လက်တွေကပြေသွားပြီး

"အ့..မလုပ်နဲ့လေဘေဘီ ကိုကိုနာတယ်လွှတ်လွှတ်"

"တော်တော်ကိုကိုချင်အုန်း..ကဲကွာ"

ကောင်းအခုထိကိုကိုနေတဲ့ကောင်ရဲ့ဆံပင်ကိုလွှတ်ပေးဖို့မပြောနဲ့ စောစောကထက်ခပ်ကြမ်းကြမ်းဆောင့်ဆွဲပြီး အားရသွားကာမှလွှတ်ပေးလိုက်တော့ သူ့လက်ထဲကိုပင်ဆံပင်အနည်းကျွတ်ပါလာသည်။

"ဘေဘီကအရမ်းအသည်းမာတာပဲ ကိုကိုနာသွားပြီ"

ဆိုပြီး မျက်နှာကဇီးရွက်လောက်ဖြစ်သွားပြန်သည်။

"အူကြောင်ကြောင်တွေမလုပ်နဲ့ လစ်တော့မင်းနဲ့ငါနဲ့ထက်ပတ်သတ်စရာအကြောင်းမရှိဘူး"

"မနေ့ကပဲကိုကိုဆို ဘေဘီကိုကိုငိုမှာနော်"

ငိုချင်ငိုမငိုချင်နေဟေ့ ကောင်းစိတ်တိုတိုနဲ့ကုတင်ပေါ်ကနေထလိုက်တော့ သူ့ခါးတွေခြေထောက်တွေကအလုပ်မလုပ်တော့သလို လုံးဝပုံကျသွားတာ

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now