PART8 [U]

3.4K 232 32
                                    

အပိုင်း ၈

ဒီလိုနဲ့ မင်္ဂလာရက်တွေပြင်ဆင်ရှိတာတွေပြင်ဆင်ပြီးတဲ့နောက်မှာတော့ နာမည်ကြီးhotelကြီးတစ်ခုမှာ မင်္ဂလာပွဲကိုခမ်းခမ်းနားနား လုပ်ဖို့စီစဉ်ထားကြပါတယ်။

မင်္ဂလာဆောင်နေ့.....

"ဘာ!!! မင်္ဂလာဆောင်မှာ အဲ့ကောင်ကိုနမ်းရမယ်!!"

သစ္စာ သည်ဦးရာဇာတို့ရဲ့စကားကြောင့် ယခုပင်ပေါက်ကွဲတော့မည့် ဗုံးကြီးလိုပင်။

ခွန်းဘက်တွင်လဲ

"ဒယ်ဒီ ဒါတော့မရဘူးနော်!! အဲ့ကောင်ကိုကျွန်‌တော်ဘယ်လောက်မုန်းတယ်ဆိုတာ သိရက်နဲ့ဗျာ"

"သားလေးရယ် စိတ်ကိုလျော့ပါကွယ် မင်္ဂလာဆောင်မှတော့ အိမ်ထောင်ပြုမဲ့လူနှစ်ယောက်ကနမ်းရတာပဲလေ"

"ဟာ မာမီရယ်ကျွန်တော်ကသူ့ကိုချစ်လို့ကြိုက်လို့ယူထားတာမှမဟုတ်ပဲ မာမီတို့အတင်းပေးစားတာလေ"

ခွန်းဘက်တွင်လဲ သစ္စာကိုနမ်းဖို့ပြောသည်ကို ခါးခါးသီးသီးငြင်း‌နေလေသည်။

"မင်းတို့နှစ်ယောက်လုံး အတွန့်မတက်နဲ့ နမ်းဆိုနမ်းလိုက်"

ဟု ဦးမဟာနှင့်ဦးရာဇာ ကဟောက်လိုက်မှသာ နှစ်ယောက်သားငြိမ်ကျသွားတော့သည်။

--------------------
မင်္ဂလာပွဲဟာဆိုလျှင် မြန်မြန်သာအဆုံးသတ်သွားခဲ့သည်။

ညရောက်သော်...

ခွန်းနှင့်သစ္စာသည် နှစ်ယောက်တစ်ခန်းနေရသည်။ သူတို့နှစ်ယောက်အား တစ်အိမ်သက်သက်ခွဲမပေးပဲ ခွန်း၏အိမ်တွင်သာဦးမဟာတို့နှင့်နေစေသည်။

"မင်းအဲ့ဘက်အိပ် တိုးမလာနဲ့ ဒီဘက်ကို"

စပါပြီသစ္စာတို့ကတော့ ကုတင်ကြီးအလယ်တွင် ဖက်လုံးခြားကာ စည်းလုပ်လိုက်ပြီးသူ့ဘက်ခြမ်းအားတိုးမလာရန် ခွန်းအားပြောနေသည်။

"စိတ်ချ မင်းအသားကိုထိပါဆိုတောင်မထိဘူး"

"ကျစ်!! ဒါပဲအိပ်ပြီ"

ဟုဆိုကာ ခွန်းကိုကျောပေးအိပ်သွားသောလူ။သူကသာအိပ်နိုင်ပေမဲ့ ခွန်း‌ကတော့ မင်္ဂလာပွဲကြောင့် မပြီးသေးသောကုမ္ပဏီအလုပ်စာရင်းများလုပ်ရန်  အခန်းထဲတွင်ရှိသော အလုပ်စားပွဲပေါ်တွင်laptopတင်ကာ စာရင်းဇယားများအားစတင်လုပ်ကိုင်‌နေသည်။ထိုအချိန်တွင်..

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now