PART10 [U]

3.8K 241 11
                                    

အပိုင်း၁၀

ဘာလိုလိုနှင့်ခွန်းနှင့်သစ္စာတို့၏ အိမ်ထောင်သတ်တမ်း၁လပင်ပြည့်ပီဖြစ်သည်။ဒီကြားတွင်လဲ ခွန်းသည်သစ္စာကိုအမြဲဖက်ကာအိပ်လေ့ရှိသည်။စွမ်းနှင့်လဲသူတို့နှစ်ယောက်အတော်ရင်းနှီးနေပြီ နောက်ဆုံးတွင်စွမ်းကနှစ်ယောက်လုံးကိုစဉ်းစားပေးမယ်ဟုဆိုလာပြီ။ထိုစကားသည် သစ္စာနှင့်ခွန်းအတွက်တော့အလွန်ဝမ်းသာစရာစကားပင်ဖြစ်သည်။

ညနေခင်းတစ်ခုတွင်...

သစ္စာသည် အပြင်မှပြန်လာကာ ဖုန်းသုံးနေလိုက်သည် ၁နာရီလောက်ဖုန်းသုံးပြီးချိန်တွင် ရေထပ်ချိုးချင်စိတ်ပေါက်လာတာကြောင့်ရေချိုးရင် bathrobe ကိုယူ ဝတ်မည့်အင်္ကျီကိုထုတ်၍ရေချိုးခန်းထဲကိုဝင်လာလိုက်သည်။

ကိုယ်တွေရှိအင်္ကျီများကိုချွတ်လိုက်သည့်အခါ အဖြူဖြူဖွေးဖွေးအသားအရေ၊ကျင်းသောခါး၊လုံးဝန်းသောတင်နှင့်အတူလက်မောင်းတွင်လဲကြွက်သားအနည်းငယ်တို့ကပေါ်လွင်လာသည်။ချွတ်ထားသည့်အင်္ကျီများကို အဝတ်လျှော်စက်ထဲပြစ်ထည့်လိုက်ကာ ရေဗန်းအောက်တွင်ရပ်၍ရေ‌ချိုးနေလိုက်သည်။

မိနစ်အနည်းငယ်အကြာ....

သစ္စာသည်ရေချိုးလို့ပြီးသွားတာကြောင့် အပြင်ကိုထွက်ရန် bath robeကိုရှာချိန်

"ဟင်"

သူသည်bath robeကိုကုတင်ပေါ်တွင်တင်ထားခဲ့မိသည်။တံခါးကိုဖွင့်ကြည့်လိုက်ကာ bath robe ဖြူဖြူကတော့ကုတင်ပေါ်တွင်

"သေလိုက်ပါလားကွာ"

နာရီကိုကြည့်လိုက်သည့်ခါ ၅နာရီထိုးပြီးဖြစ်သည်။ခွန်းသည်အိမ်ကို ၆နာရီ၇နာရီလောက်မှပြန်လာသည်မို့ အပြင်ထွက်ပြီးbath robeပြေးယူရင်ရလောက်သည်ဟုတွေးမိလိုက်သည်။

တံခါးကိုဖွင့်ကာ ကုတင်နားသို့အလျင်အမြန်ပြေးကာ bath robe ကိုယူ၍ အခန်းတံခါးကိုနောက်ကျောပေး၍ bath robeကိုဝတ်မယ်အလုပ်

*ဂျပ်

အခန်းတံခါးရုတ်တရပ်ပွင့်သွားသည် အခန်းတံခါးကိုကြည့်လိုက်သည့်အခါ သူ့ကိုကြောင်တောင်တောင်နှင့်ကြည့်နေသော ခွန်းသမိုးညို!!

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now