PART18 [U]

3.7K 179 13
                                    

အပိုင်း၁၈....

ခွန်းcompanyကနေအိမ်ပြန်လာချိန်မှာအရင်နေ့များထက်နောက်ကျသွားသည်။meetingတွေနဲ့အတူအရင်ရက်ကသစ္စာမှိုင်းလွန်နဲ့အပြင်လျှောက်လည်လိုက်တာကြောင့် အကြွေးကျန်‌နေသောအလုပ်များအားသိမ်းကျုံးလုပ်လိုက်ရတာကြောင့်လူလဲdownနေပြီဖြစ်သည်။မျက်နှာပေါ်တွင်ယခုအချိန်ထိစွတ်ထားသော ရွှေရောင်ကိုင်းနဲ့မျက်မှန်အားအသာချွတ်လိုက်သည်။

Companyတွင်လဲovertimeဆင်းနေသည့်ဝန်းထမ်းအချို့သာရှိတော့သည်။ခွန်း elevatorမှမြေညီထပ်ကိုဆင်းကာ ကားပါကင်အတွင်းရှိကားထဲဝင်လိုက်လေသည်။ကားထဲရောက်ရောက်ချင်းအသက်ပြင်းပြင်းရှုထုတ်လိုက်ကာ ကားထိုင်ခုံနောက်ခေါင်းမှီလိုက်ပြီးမျက်လုံးများကာမှိတ်ထားလိုက်သည်။screentimeတွေနဲ့အတူ မျက်မှန်တက်ချိန်အလွန်ကြာပြီးအာရုံစိုက်လိုက်ရတာကြောင့် လွန်စွာကိုက်နေတဲ့မျက်ရိုးကိုလက်မှလက်ညိုးဖြင့်ညှပ်ပြီးနှိပ်နေသည်။

စက္ကန့်အနည်းငယ်လောက်လက်မနှင့်လက်ညိုးအားမျက်ရိုးတွင်နှိပ်စေပြီးတဲ့အခါ မျက်ရိုးကိုက်ခြင်းသည်အနည်းနှင့်အများသက်သာသွားတာကြောင့် လက်အား‌ပေါင်ပေါ်တင်လိုက်တော့သည်။မျက်လုံးများကလဲပွင့်မလာသေးအသက်မှန်မှန်ရှု၍ ထိုအနေအထားအတိုင်း5မိနစ်လောက်ကားထဲတွင်‌အနားယူ‌ပြီးနောက်မျက်လုံးများအားဖြည်းဖြည်းချင်းဖွင့်၍ ကားစက်နိုးလိုက်သည်နှင့်ကားဟာအသံတစ်ချို့ထွက်၍အသက်ဝင်သွားပြီဖြစ်သည်။ကားgear 1ကိုတွန်း handbrakeကိုလွှတ်ကာညာခြေဖြင့်အရှိန်မြင့်တင်လိုက်၍နေအိမ်ကိုဦးတည်ထွက်ခဲ့သည်။

ည9နာရီထိုးနေပေမဲ့ မြို့လမ်းမတွေမှာတော့‌ နေ့ခင်း၊ည‌နေတို့‌ လောက်လူမစည်သောလဲအသွားအလာများလုံးဝမပျက်ပါ။နေမှအလင်းရောင်ဖြင့် ကမ္ဘာကြီး၏ညဘက်တွင်အလင်းရောင်ပေးနေသောလမင်းကြီး၏အရိပ်အောက်တွင် ကားများဆိုင်ကယ်များဟာလဲသူတို့လိုရာခရီးများအားအရောက်သွားနေကြကာ ကားမီးဆိုင်ကယ်မီးတို့နဲ့အတူဆိုင်များလမ်းမီးများဟာလဲညအမှောင်ချိန်တွင်ထွန်းလင်း‌ နေကြပြီးဝန်းကျင်တစ်ခွင်မီးသီးများ‌ ရောင်စုံမီးများနဲ့အလွန်လှပါသည်။ဒီမြင်ကွင်းကညဘက်တွင်တာတွေ့ရပါသည်။တပွင်ပွင်နဲ့ဆူညံနေသောကားဟွန်းသံတို့ကလဲထရိုက်ချင်စရာကောင်းလောက်အောင်နားညီးလွန်းသည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now