PART20 [U]

3.3K 194 8
                                    

အပိုင်း၂၀..

ပိတ်ရက်တွေဟာဘာမှန်းမသိလိုက်အောင်ကုန်ဆုံးသွားသည်။ဒီနေ့ကတော့လူတိုင်းမုန်းတဲ့ တနင်္လာနေ့ပင် တနင်္ဂနွေပြီးတဲ့အခါလာတဲ့တနင်္လာနေ့မှာတော့ အစိုးရရုံးတွေ၊ကျောင်းတွေနဲ့အတူလုပ်ငန်းခွင်တွေပြန်လည် လည်ပတ်သည့်နေ့။

ဘယ်လိုလူတွေတနင်္လာနေ့ကိုမုန်းမုန်း သစ္စာမှိုင်းလွန်လိုရွှေပေါ်မြတင် သူဌေးသားလေးအတွက်တော့ဖြတ်သန်း‌နေကျသာမန်ရက်တွေလိုသာဖြစ်သည်။

"ငါလိုးမသား ခွန်းသမိုးညိုငါ့အောက်ပိုင်းလဲရစရာကိုမရှိဘူးလုပ်လိုက်ရင် နွားသိုးကြိုးပြတ်အခုချိန်ဆိုဒင်းကcompanyကရုံးခန်းထဲမှာ မိန့်မိန့်ကြီးကော်ဖီသောက်နေလောက်ပြီ ခွေးမသား"

သစ္စာသည်companyမှာရှိနေတဲ့ခွန်းကိုအိမ်ကနေအားရပါးရထိုင်‌ဆဲနေတော့သည်။

"Oh,who is she?...oh,who is she? a misty memory~~"

"လီးထဲမှ စိတ်ညစ်ရတဲ့ကြားမနက်စောစောစီးစီးဘယ်ကောင်ကဖုန်းကိုခေါ်နေတာလဲ"

အသံမြည်ပြီးတုန်နေသောဖုန်းကိုကြည့်လိုက်တဲ့အခါ အိမ်ကကြိုးဖုန်းကဆက်တာဖြစ်နေသည်။

အိမ်ကကြိုးဖုန်းကအရေးကြီးမှခေါ်တာမလို့ဘာများဖြစ်သလဲလို့သစ္စာစိုးရိမ်စွာဖုန်းအမြန်ကိုင်လိုက်သည်နှင့်

"မင်းလိုမိန်းမမျိုးတော့စိတ်ပျက်လွန်းလို့"
ဆိုသည့်အနောက်ကဖေဖေ့အသံကနားထဲရောက်လာသည်။ကြည့်ရတာမေမေနဲ့ဖေဖေရန်ဖြစ်နေပြီထင်သည်။

"သားသစ္စာ..ဘဘတို့လဲထိန်းမရဘူးသားလာပါဦး"

တစ်ဖက်မှပြောသာသူက ဘဘမိုးပင် ဘဘမိုးကသစ္စာငယ်ငယ်ကတည်းကအိမ်မှာအရာရာအတွက်စီစဉ်ပေးလုပ်ပေးခဲ့ပြီး အခုလိုအသက်တွေကြီးသွားတာတောင်သစ္စာအိမ်တော်အပေါ်သစ္စာရှိလွန်းသည်။

"ဟုတ် ဘဘ..သားအခုပဲလာမယ်သားမရောက်ခင်အထိနည်းနည်းတော့ကြည့်ထိန်းပေးပါဦး.."

သစ္စာဖုန်းကိုချက်ချင်းချပြီးpajamasလဲမလဲ အင်္ကျီချိတ်ဖြင့်ချိတ်ထားသောကုဒ်အင်္ကျီတစ်ခုကိုဆွဲကာအိမ်ကိုပြေးရတော့သည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now