PART7 [U]

3.4K 216 12
                                    

အပိုင်း၇

သားဖြစ်သူတွေမှာ ကောင်လေးတစ်ယောက်၏အချစ်ကို ရယူရန်ကြိုးစားနေချိန် သူတို့၏အဖေဖြစ်သူတွေမှာတော့.....

Luxury restaurant တစ်ခုတွင်....

"မဟာ ငါတို့လုပ်မယ် ကတိပေးထားတဲ့ကိစ္စ"

"ဟားဟား အေးပါကွာ ငါတို့မြန်မြန်လုပ်လိုက်ကြရအောင်"

"ဒါပေမဲ့ဖြစ်ပမလား မင်းသားကောငါ့သားကောက မြင်တာနဲ့ကိုက်နေကြတာ ရုတ်တရက်ကြီးကောက်ပေးစားလိုက်ရင်..."

"ပူမနေပါနဲ့ကွာ ငါတို့ကပြောရင်အဲ့ကောင်တွေမယူချင်လဲယူ ယူချင်လဲယူရမှာပဲ"

"အင်း..အတူတူ‌အနေများလာရင်တော့ သံယောစဉ်တော့ရှိ‌လာလောက်ပါတယ်"

"အဟက် ရှိမှာရှိကိုရှိမှာ"

"အိုကေ အဲ့တာဆို မင်္ဂလာပွဲကိုအမြန်ဆုံးလုပ်မယ်"

"ဒါပေါ့ကွာ ကဲသားတွေရဲ့မင်္ဂလာပွဲကိုကြိုတင် ဂုဏ်ပြုတဲ့အနေနဲ့"

*ချီးယားစ်

ဦးခွန်းမဟာနှင့် ဦးမှိုင်းရာဇာ တို့သည်အလွန်ရင်းနှီးသောသူငယ်ချင်းမိတ်ဆွေများဖြစ်ကြရာ ယခုတွင်တော့ သူတို့နှစ်ယောက်ငယ်ငယ်ကတည်းက ‌စီစဉ်နေခဲ့သောအရာတစ်ခုကိုအကောင်အထည်ဖော်တော့မည်ဖြစ်သည် ဟုတ်ပါသည် ခွန်းနှင့်သစ္စာတို့ကို အိမ်ထောင်ချပေးမည့်ကိစ္စပင်။

-----------
Oh who is she?,oh who is she? A misty memory ~

သစ္စာ ဖုန်းလာနေသောကြောင့် ဘယ်သူဆက်သလဲကိုကြည့်လိုက်ရာ "ဒယ်ဒီဖားသားကြီး" ဟုသော contact ကြောင့်ချက်ချင်းကိုင်လိုက်သည်။

"သစ္စာမှိုင်းလွန် မင်း ခွန်းသမိုးညိုနဲ့ လက်ထပ်ရမယ်"

ဟုတစ်ခွန်းပဲဆိုကာ ဖုန်းချသွားသော အဖေဖြစ်သူကြောင့် သစ္စာမှာပါးစပ်အဟောင်းသားနှင့်ကြောင်နေမိသည် သူသည်ဘယ်လိုနည်းနှင့်မှ ခွန်းသမိုးညို ဆိုတဲ့ကောင်နဲ့လက်မထပ်နိုင်ပါ။

ထိုချိန်တွင် သစ္စာ၏ဖုန်းလေးသည် နောက်တစ်‌ကြိမ်ဝင်လာသည် နံပတ်စိမ်းဖြစ်နေပေမဲ့သစ္စာကိုင်လိုက်သည်

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now