PART14 [U]

4.2K 225 19
                                    

[Warning!! ⚠️ This episode contains disturbing content and some adult 18+ scenes,so please don't read if you don't like it 🚨🚨]

အပိုင်း၁၄.....

ခွန်းထိုလူနဲ့တွေ့ပြီး မျက်နှာချင်းဆိုင်ရှင်းချင်နေပါပြီ ဘာလဲလူကိုလာတွေ့ချင်ဝာာများပေါ်တင်လာမတွေ့ဘူး ဇေးကိုနေ့တိုင်းဆန်ပြုတ်လာလာတိုက်နေတာဘယ်လိုလူလဲ အိမ်ရောက်မှခွန်းသမိုးညိုနဲ့တွေ့တာပေါ့။

သစ္စာထိုလူဆေးရုံကမဆင်းမချင်း စိတ်မအေးနိုင် မာနကလဲရှိသေးတာမို့သွားလဲမျက်နှာချင်းဆိုင်မတွေ့ချင်ပါ။ဒါကြောင့် မနက်တိုင်းအစောကြီးထထပြီးဆန်ပြုတ် ပြုတ်ကာဇေးစားဖို့ဆိုတဲ့ခေါင်းစဉ်းတက်ပြီး ဆေးရုံသွားလေ့ရှိသည်။ဇေးလဲဆန်ပြုတ်ပဲသောက်နေရတာ ရိုးနေပြီလားတောင်မသိပါဘူး...။

ခွန်းသမိုးညိုကအရင်ကတည်းက ကိုယ်ခံအားကောင်းတာမို့ ဆေးရုံမှာ၂ပတ်ကျော်ကျော်လောက်ပဲနေလိုက်ရကာ အခုဆိုအိမ်မှာဘာမှမဖြစ်ခဲ့တဲ့လူတစ်ယောက်လိုနေနိုင်နေပြီ။အခုတောင်အပြင်မှာ သူငယ်ချင်းတွေခေါ်လို့ဆိုပြီးထွက်သွားလေရဲ့။၂နာရီလောက်အကြာမှာတော့ ပြန်လာပါပြီကိုယ်တော်ချောက စိတ်ကတော့ကြည်နေပုံမပေါ်ဘူး မျက်နှာမှာလဲဘယ်သူနဲ့ရန်ဖြစ်လာတယ်မသိ နှုတ်ခမ်းထောင့်မှာသွေးစတွေနဲ့။သူ့လိုရန်ဖြစ်ခဲတဲ့လူမျိုးက ဘယ်လိုလူကြောင့်များရန်ဖြစ်လာတာပါလိမ့်..။အခန်းထဲကိုဝင်လာကတည်းက လူကိုတစ်ချက်မကြည့် ရေချိုးခန်းထဲဝင်ကာ ရေအေးဆေးချိုးနေသေးသည်။တအောင့်နေတော့ ရေချိုးခန်းတံခါးပွင့်လာကာ bathrobe အမဲနဲ့‌ရေချိုးခန်းထဲကထွက်လာသောလူ။

ဆံပင်တွေဟာလဲစိုနေကာ သဘက်တစ်ခုအားအသုံးပြုပြီး ဆံပင်တွေမှာရှိနေတဲ့ရေဓာတ်တွေခမ်းခြောက်သွားအောင်သုတ်နေလေရဲ့။သစ္စာထိုင်ရာမှထကာ အခန်းရဲ့နံရံကပ်ဗီဒိုထဲက ‌ဆေးပုံးအားယူ၍ဆေးပုံထဲက ဆရာခို ဘူးအားလက်တစ်ဖက်မှာကိုင်ရင်း ထိုလူ့အနားသွားလိုက်သည်။သူ့အနားရောက်တော့ ဆရာခို ဘူးအဖုံးဖွင့်ပြီးလက်ညိုးအားဘူးထဲနှစ်‌ကာ ပြန်ထုတ်လိုက်ချိန်မှာတော့ လက်ညိုးမှာဆေးအနည်းငယ်ကပ်ပါလာတော့သည်။ထိုလူနဲ့မျက်နှာချင်းဆိုင်အရပ်မှာရပ်ကာ သူ့နှုတ်ခမ်းထောင့်ကဒဏ်ရာဖြစ်နေတဲ့နေရာကိုလက်ညိုးလေးလှမ်းကာ ဆေးလိမ်းပေးနေမိသည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now