PART19 [U]

3.8K 188 11
                                    

အပိုင်း၁၉....

‌နံနက်မိုးသောက်ချိန် အခန်းပြတင်းပေါက်မှလိုက်ကာမကွယ်နိုင်သောနေရာမှဖောက်ဝင်လာသော နေရောင်ခြည်ကမျက်စိအားစူးခနဲပင်

နေရောင်ခြည်ကမျက်လုံးတည့်တည့်ထိုးနေတာကြောင့် မျက်မှောင်ကျုတ်ကာမျက်လုံးအတင်းမှိတ်ပြီးဆက်အိပ်ဖို့ကြိုးစားသော် ဘယ်လိုမှအဆင်မပြေတဲ့အခါ မျက်လုံးနှစ်ဖက်ကိုဖွင့်တော့သည်။

အမှောင်ထဲတွင်မှိတ်ထားသောမျက်လုံးမှာချက်ချင်းဖွင့်သည့်အခါနေ‌ရောင်ခြည်အားချက်ချင်းမတွန်းလန်နိုင် လက်ဖဝါးဖြင့်နေရောင်ကိုကာလိုက်မှဟာမျက်လုံးအားဖြည်းဖြည်းချင်းဖွင့်နိုင်တော့သည်။

အမြင်အာရုံဟာဝေဝါးနေရာမှတဖြည်းဖြည်းကြည်လင်ပြတ်သားစွာမြင်လာရပြီး ‌အသိစိတ်များဝင်လာသည့်အခါခံစားမိသည့်ခံစားချက်က ခေါင်းတွေစောက်ရမ်းကိုက်နေခြင်းပင်။

ခေါင်းတွေထိုးကိုက်နေတဲ့ကြား ခါးနေရာမှတင်းကြပ်နေအောင်အဖက်ခံထားရတာကြောင့် နေရာသည်မှာကျဉ်းကြပ်လွန်းသည်။

"ကျစ်..ဖယ်စမ်းခွန်းသမိုးညို"

ဖယ်လို့ပြောခါမှပိုတင်းကြပ်အောင်ဖက်လာတဲ့ လက်မောင်းနှစ်ဖက်ကြောင့် သစ္စာအတော်လေးစိတ်ညစ်သွားရသည်။

"ငါခေါင်းတွေစောက်ရမ်း‌ကိုက်နေတယ်..ဟိုဘက်နည်းနည်းတိုးစမ်းကွာ"

သစ္စာ၏အသံကအရင်ကထက်အက်ကွဲနေသည့်ပုံကြောင့် စောစောကခါးမှာတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့လက်တွေကာပြေလျော့သွားပြီး ထိုလူ့လက်ဖဝါးကကိုယ့်နဖူးပေါ်ကျရောက်လာတော့သည်။

"ကျစ်..ကိုယ်တွေပူနေတယ်"

ခွန်းသမိုးညိုက ချက်ချင်းကောက်ထပြီးလက်နှစ်ဖက်ကိုဆန့်ထုတ်ကာ အကြောဆန့်တော့သည်။သူ့ကိုယ်ပေါ်မှာpajamasဘောင်းဘီတော့ရှိနေပေမဲ့ အပေါ်ပိုင်းကတော့ဘာမှဝတ်မထားပါ။သူနဲ့ယူပြီးနောက်ထပ်သိလိုက်ရတဲ့သူ့အကျင့်က အိပ်ခါနီးအင်္ကျီဘယ်နှထပ်ဝတ်ထားဝတ်ထား နိုးတာနဲ့ကိုယ်ပေါ်မှာအင်္ကျီကမရှိ

Gymကို Jujutsu KaisenထဲကTojiလိုcut bodyဆော့ထားတာမို့ backမှာwingsတွေနဲ့အတူကျစ်လစ်နေတဲ့မာဆယ်တွေကသိပ်ဆွဲဆောင်မှုရှိလွန်းသည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now