PART4 [U]

3.6K 206 12
                                    

အပိုင်း၄

"အံစာတုံး ပြစ်လိုက်ပါတော့မယ်ခဗျား ယုန် လား ဂဏန်း လား ရင်ခုန်စွာကြည့်လိုက်ကြရအောင်လားဗျာ"

*တောက် တောက် တောက်*

အံစာတုံးသည်လိမ့်သွားကာ ဂဏန်း နေရာကိုကျနေပေမဲ့ ၃ပတ်လောက်ထက်လိမ့်သွားကာ ယုန်နေရာကိုကျသွားတော့သည်၊ပွဲကြည့်တဲ့သူ‌များဟာလဲ ပါးစပ်အဟောင်းသား ခွန်းရဲ့မျက်နှာတော့အပြုံးပေါ်သွားပေမဲ့ သစ္စာ၏မျက်နှာကြီးမှာတော့ မိုးတိမ်မည်းတွေထူထက်နေပြီးမိုးသည်းကြီးမည်းကြီးရွာတော့မည့်ပုံဖြစ်နေပြီ ဖြစ်သည်၊ သစ္စာ‌သည် ငွေတွေကို နှမျောတာမဟုတ် ခွန်းကိုရှုံးသွားသောကြောင့်သာ

"တစ်နေ့ပွဲရဲ့အနိုင်ရရှိသူကတော့ ခွန်းမိသားစုရဲ့တစ်ဦးတည်းသောမြေး ထက်မြက်ပြီးရုပ်ရည်နဲ့လဲပြည့်စုံတဲ့ ကိုခွန်းသမိုးညို ပဲဖြစ်ပါတယ်ခဗျာ၊ လက်ခုပ်တီးအားပေးလိုက်ကြပါဦး"

"ဖြောင်းဖြောင်းဖြောင်း"

လူအများ - "ခွန်းမဟာရဲ့သားမလား လူတော်လေးပဲ၊တော်တယ်ကွာ၊ဂုဏ်ပြုပါယ်"

‌‌"မိုက်လိုက်တာ ဆရာ ဂုဏ်ပြုပါတယ်"

ခွန်းကသစ္စာကိုတစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်

သစ္စာ၏ဘက်မှာတော့

"တောက်စ် ခွေးသား ငါ့ကိုလှောင်ပြုံးပြုံးရဲတယ်ပေါ့၊ပညာကောင်းကောင်းပေးရမယ်"

"ဟာဟျောင့် မလုပ်နဲ့လွန်မယ် သစ္စာဟျောင့်"

သစ္စာဟာသူ့ကိုလှောင်ပြုံးပြုံးနေတဲ့ ခွန်းဆီသွားပြီး ထိုးမယ်သတ်မယ်တွေလုပ်နေတာကြောင့် ခန့်တားသော်လဲမရ

"ခွေးသား ရော့ကွာ"

*ခွပ်*

ခွန်းသည်လဲ သစ္စာရဲ့ရုတ်တရက်ထိုးလိုက်တာကြောင့် မရှောင်လိုက်မိ ခွန်းလဲဒေါသထောင်းခနဲထွက်သွားကာ

*ခွပ် ခွပ်

နှစ်ယောက်သားတစ်ယောက်နှင့်တစ်ယောက်ထိုးကုန်ကြကာ ဘေးက ဇေးနဲ့ခန့်ကောလုံခြုံရေးတွေပါဝင်တားရတော့သည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now