PART24 [U]

3.4K 153 7
                                    

အပိုင်း၂၄...

ခန့်ဒီကောင်လေးရဲ့အချိုးတွေတစ်ခုမှမကြိုက်ပါ။အမြဲပေါ့တိပေါ့စနဲ့ ထောင့်ကလဲမကျိုး ဘာမှလဲမလုပ်ချင်ပဲ အကုန်အလွယ်လေးလိုချင်တယိစိတ်၊ကြိုးစားချင်းစိတ်ဆိုတာကလဲ အခုထိမမြင်ပေါင်။တစ်ချို့သောအမူအကျင့်တွေကဆို ခန့်လိုဗမာလူမျိုးအတွက်တော့ သိပ်မျက်စိဆံပင်မွှေးစူးပါသည်။သို့သော်ငြား ခန့်အဖြစ်ကမချစ်လဲအောင့်ခါနမ်း ဆိုသလိုပင်။

"ရှိုင်းကုဋေ.! ကောင်လေး"

Cafeဆိုင်ကို‌ခေါ်ပြီးမုန့်စား‌ နေတုန်းကတော့တစ်ဖြဲနှစ်ဖြဲတွေသွပ်‌နေပြီး အလုပ်ကိစ္စရှင်းပြတဲ့အချိန်ဆို ကိုယ်ကအားရပါးရတွေရှင်းပြနေတာ ‌ဒင်းကတော့အိပ်ငိုက်ပြနေတယ်။

"ဗျာ..ဆောတီးကျွန်တော်အိပ်ငိုက်သွားတယ်"

"မင်းလဲမပြောချင်ဘူး..ရှင်းပြရင်စိတ်နှင့်ပြီးနားထောင် မဟုတ်လဲသွားငါမင်းကိုမကူညီဘူး အလကားနေရင်းငါ့အချိန်တွေပုပ်တယ်"

ခန့်အသံခပ်မာမာနဲ့ဟောက်တော့ ခန္ဓာကိုယ်ကြီးမှအားမနာဝမ်းနည်းနေတဲ့ရုပ်လေးနဲ့..ငါပြောတာများသွားတာလား.??

"ကျွန်တော်နားထောင်ပါ့မယ်နော်..ကိုကိုမကူညီပဲမနေပါနဲ့"

လူကို poppy eyesကြီးတွေနဲ့ကြည့်လာပြီး အသနားလာခံနေတာ..ပြီးတော့ ကိုကိုလို့ခေါ်လိုက်တာ..?

"အဟင်းဟွတ်..ဘာဘာကို ကိုကိုလဲ"

"မြန်မာလိုဆို ကိုယ့်ထက်အသက်ကြီးတဲ့သူကို ကိုကိုလို့ခေါ်ရတာမလား..ကိုကိုကမကြိုက်လို့လား"

"ရရပါတယ်..မင်းခေါ်ချင်သလိုသာခေါ်ပေါ့"

ဒီလိုကြတော့လဲ ပြုံးနေလိုက်တာကို..ဆူလိုက်တော့လဲကလေးများလိုပဲ ရှင်းပြသမျှကိုအကုန်သေချာနားထောင်နေရှာတာ..

"Shine?.. is that you?"

ဒီတစ်ခါတော့ ရှိုင်းကောခန့်ပါအသံလာရာကိုခေါင်းလေးနှစ်လုံးလှည့်ပြီး ကြည့်လိုက်တော့..

ကောင်လေးတစ်ယောက်ပါလား..? အသားအရေကလဲဖြူအုနေပြီးရုပ်ကလေးကော ခေါင်းအစခြေအဆုံးမထိရက်စရာပင်.. English accent က native speaker လိုပြောနိုင်တာမလို့ သေချာပါပြီ ဒီတစ်ယောက်လည်းပဲတခြားနိုင်ငံသွေးဆိုတာ

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now