Story 4

2.1K 133 7
                                    

Unicode
................

လေးညှို့ နေ့လည်ကျောင်းဆင်းချိန်အရောက် ယခင်ဘဝက တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူ သတိုးတာယာအားရှာဖွေမိသည်။ သတိုးတာယာက မည်သည့်အခန်းတွင်ရှိနိုင်မည်နည်း။ သေချာတာကတော့ ပထမနှစ်တွင်သူတို့နှစ်ဦးသား စာသင်ခန်းမတူသည်ကို သတိထားမိသည်။

သတိုးက စာတော်သူဆိုတော့ မဟုတ်မှလွဲရော မဟာတို့အတန်းထဲတွင်များလား။ ဒုတိယနှစ်တုန်းကတော့ လေးညှို့က 2Bခန်းထဲရောက်တာဆိုတော့ ယခု 1B အခန်းထဲတွင်များလားမသိ။ ထိုသို့မသိခြင်းများစွာနှင့် ​1Bသို့သွားရှာချိန် ထိုအမည်ဖြင့်လူမရှိကြောင်းပြောသဖြင့် ယခု1Aအခန်းထဲသို့ ရောက်နေခြင်းဖြစ်သည်။

အခန်းရှေ့သို့ ခုန်စွခုန်စွဖြင့် ကြည့်နေသော လေးညှို့ကို ကြည့်နေကြသောလူများ။

'' ဟိုနားကကောင်လေး ငါတို့အခန်းထဲက ဘယ်သူ့ကိုလာရှာတာလဲမသိဘူး။ အဲ့ကောင်လေးကချစ်စရာလေးနော်''

''ဘယ်မှာလဲ''

''အခန်းအပြင်မှာလေ''

''ဟဲ့ ဟုတ်တယ်နော်... ချောလိုက်တာ။ မိန်းမချောရုပ်လေး... ငါ့အကြိုက်တော်''

မဟာ မိမိ၏သူငယ်ချင်းများနှင့် စကားပြောနေရင်းဘာရယ်မဟုတ် အခန်းအပြင်ဘက်လှည့်ကြည့်မိတော့...

''ဟင်... ညှို့''

မဟာဝုန်းခနဲထိုင်ခုံမှထကာ အခန်းအပြင်သို့ အလျင်အမြန်ထွက်သွားခဲ့သည်။ ရုတ်တရက်ထထွက်သွားသော သူငယ်ချင်းဖြစ်သူကြောင့် ကောင်းမင်းသန့် နှင့် သီရိသစ္စာတို့ ကြောင်အနေကြလေသည်။

''ညှို့... ကိုယ့်ဆီလာတာလား''

''.......''

သူ့အမေးကိုမဖြေသေးပဲ အခန်းတွင်းကိုသာ လှည့်ပတ်ကြည့်နေတော့ မဟာစိတ်မရှည်ချင်ဖြစ်ရသည်။

''ညှို့...ဘာဖြစ်လို့လဲ''

''ခဗျားကလည်း အသာနေစမ်းပါ... အာ...ဒါနဲ့ ခဗျား သတိုးတာယာကိုသိလား''

''ဟမ်...အဲ့ဒါဘယ်သူလဲ''

''ကျစ်...သတိုးတာယာဆိုတဲ့သူလေ။ သူခဗျားရဲ့အခန်းထဲမှာရှိလား''

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now