Story 7

1.9K 107 8
                                    

Unicode
................

''အားးး... ဟူး.... အင့်...ဟင့်...''(မောဟိုက် ငိုရှိုက်သံ)

လေးညှို့ အလန့်တကြားလန့်နိုးသွားပြီး မိမိ၏လည်ပင်းနေရာကို လက်ဖြင့်ကိုင်ထားလေသည်။ အသက်ကိုလည်း မနည်းဝအောင်ရှူရှိုက်နေပြီး ကြောက်ရွံ့မှုကြောင့် မျက်ရည်ဥများစီးကျလို့လာခဲ့ရသည်။

လေးညှို့ နာရီဝက်မျှကြာအောင် ငိုရှိုက်လိုက်ပြီးနောက် မိမိ၏အိပ်ခန်းသို့ ကြည့်လိုက်မိသည်။ အိမ်ခန်းအပြင်မှ တိုင်ကပ်နာရီ၏အော်သံများဖြင့် ခြောက်ခြားဖွယ်ကောင်းလှသော ညဥ့်နက်သန်းခေါင်ယံကို ခံစားမိလိုက်လေသည်။

ဘေးစားပွဲရှိ ဟန်းဖုန်းလေးမှ ရုတ်တရက်မီးလင်းလာခဲ့ပြီး လေးညှို့လည်း မျက်ရည်များကို လက်ဖြင့် အကြမ်းပွတ်ကာသုတ်လိုက်သည်။ ထို့နောက်ဖုန်းကိုကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။

ဖုန်းထဲတွင် စာတိုတစ်စောင်ရောက်လို့နေပြီး သူလက်ဖြင့်နှိပ်ကြည့်လိုက်တော့....

'မသေမျိုး ကစားပွဲမှကြိုဆိုပါတယ်။'

ဆိုသည့် စာသားနှင့်အတူ လွန်ခဲ့တဲ့သုံးလ ပြန်လည်ရှင်သန်လာခဲ့သော ဂျူလိုင်လ ၁ရက်နေ့သို့ပြန်ရောက်နေခဲ့လေသည်။

''ဒါ... ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘာတွေလဲ..ဘာတွေလဲနားမလည်နိုင်တော့ဘူး။ ငါ....ငါ ထပ်ပြီး....''

လေးညှို့ တုန်ရီနေသောလက်တွေဖြင့် ဖုန်းကိုပြစ်ချလိုက်မိသည်။ ခုန်နေသော ရင်ဘတ်အစုံတို့ကို ဖိကပ်ရင်း မျက်ဝန်းများက ဖုန်းမျက်နှာပြင်ဆီသို့သာ အကြည့်တွေရောက်ရောက်သွားခဲ့သည်။

ခုချိန်မှာ မိမိ၏ဖုန်းသည်ပင် ကြောက်စရာအကောင်းဆုံး ငရဲမင်းပင်ဖြစ်နေလေသည်။ ထို့နောက် မဝံ့မရဲဖြင့် ဖုန်းကိုထိကိုင်လိုက်ပြီးနောက် ပြက္ခဒိန်များကို မယုံကြည်သဖွယ် အထပ်ထပ်အခါခါမွှေနှောက်ရှာဖွေနေခဲ့မိသည်။

''ဟက်.. ငါ...ငါတကယ်ပဲထပ်သေသွားခဲ့တာပေါ့ ''

ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက်ရင်း မျက်နှာပေါ်မှ ကြောက်ရွံ့မှုကိုပင် ဟန်မဆောင်နိုင်အောင် ပျက်ယွင်းနေခဲ့ရသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now