Story 25

1.4K 75 2
                                    

Unicode
..................

စားသောက်ဆိုင်တစ်ခုသို့ မင်းရောင်ခြယ်ဦးဆောင်ပြီး ဝင်လာခဲ့လေသည်။ ထိုနေရာသည် အနည်းငယ် အထက်တန်းဆန်သည့် အသွင်အပြင်ဖြင့် နံရံမီးဆိုင်းအလှဆင်မှု၊ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုနှင့် အသွင်အပြင်တို့ကို ကြည့်ခြင်းဖြင့်သိနိုင်သည်။

"ဒီဆိုင်က steak အရမ်းကောင်းတယ်လေ။ ကိုယ်ဟိုးအရင်က မကြာခဏလာစားနေကြ။ ပြီးတော့ ဒီဆိုင်က ဝိုင်ကလည်း ထိပ်တန်းအဆင့်ပဲလေ"

"ဪ.... ဟုတ်"

လေးညှို့က စိတ်ဝင်တစားနားထောင်နေပြီး အစားအသောက်ဆိုသည်နှင့် မျက်လုံးအရောင်ကတောက်ပြီးသားပင်။

စားပွဲထိုးလေးသည် မီနူးကဒ်လေးကိုလာပေးသည်နှင့် လေးညှို့ဖွင့်ကြည့်လိုက်သည်။အစားအသောက်ပုံလေးတွေ ပြထားသည့် မီနူးကဒ်ကိုကြည့်ရင်း သွားရည်တွေပင် ကျချင်လာသလိုလို။

သို့သော် မီနူး၏ဘေးနားတွင်ရေးထားသော ဈေးနှုန်းလေးကို မြင်ပြီးချိန်မှာတော့ အထိတ်တလန့်ဖြင့် ချက်ချင်းကို ပိတ်ပစ်လိုက်လေသည်။

"ဘာဖြစ်လို့လဲ ညှို့ငယ်... ကြိုက်တာမှာလေ"

"ဟို... ရိုင်လေပဲမှာလိုက်တော့နော်။ ကျွန်တော်ကဒါမျိုးတွေ သိပ်မသိလို့"

"ဪ... ဒါဆိုလည်း ကိုယ်စားသလိုပဲ မှာလိုက်မယ်နော်"

"ဟုတ်ကဲ့"

>>>>>Skip>>>>

အတန်ကြာ စားသောက်ပြီးနောက် လေးညှို့မျက်နှာလေးသည် နီမြန်းလို့လာပြီး အာလေးလျှာလေးဖြင့် မင်းရောင်ခြယ်ကို ရစ်တော့သည်။

"ညှို့ငယ်... နေ့လည်ကလေ ဘယ်သူနဲ့စကားပြောနေတာလဲဟင်"

"အွန်း... ကိုမိုးနဲ့လေ"

"အာ... အဲ့ကောင်မဟုတ်ဘူး။ ဖုန်းထဲမှာပြောတာလေ"

"ဪ... တူနယ်ဂျင်းလေ။ ကိုယ့်ရဲ့ တာယာဘီးလေး"

လေးညှို့ ဝိုင်လေး သုံးလေးခွက်သောက်လိုက်တာပါ။ ဒါကို မူးချင်ချင်ဖြစ်နေပြီး စကားတွေတောင် မပီသတော့ပေ။

"သူငယ်ချင်း... ဟုတ်လားညှို့ငယ်"

"ဟုတ်တယ်လေ... အာ... ငါဘာလို့ မင်းကိုပြောပြရမှာလဲ။ ပြောဘူးကွာ ..."

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now