Story 26

1.3K 69 5
                                    

Unicode
.................

လွန်ခဲ့တဲ့ သုံးရက်ခန့်က လေးညှို့တစ်ယောက် အိမ်ပြန်မည်ဟုပြောတာကြောင့် သတိုးတာယာ အသေအချာပြင်ဆင်ထားလေသည်။ သို့သော် ဒင်းလေးက သူ့ကိုစကားလုံးတွေနဲ့ လာကစားသွားသည်လေ။

ခုတော့ သူ့မှာအလုပ်မနားရတော့ပဲ ပြန်ပြီး အလုပ်ဆင်းနေရလေသည်။ သတိုးမှာတော့ သူနဲ့နှစ်ယောက်အတူ ခရီးသွားရတော့မည်ဆိုပြီး ဝမ်းသာလိုက်ရတာ။ လေးညှို့ကတော့ စကားကိုအမျိုးမျိုးနဲ့ မသွားတော့ဘူးတဲ့လေ။ သတိုးသက်ပြင်းချလိုက်မိလေသည်။

"ဟူး... ကြောင်စုတ်လေး... ကြောင်စုတ်လေး... ကိုယ့်ကိုလာကစားတဲ့အတွက် ပြန်ပေးဆပ်ရတော့မယ်နော်... ဟင်းဟင်း"

အခန်းထဲတွင် တွေးရင်း တဟင်းဟင်းရယ်နေသော ဆရာဝန်ပေါက်စလေးကို အခန်းထဲဝင်လာသည့် သူနာပြုဆရာမလေးတောင် ကြောက်သွားရသည်။ ဟုတ်သည်လေ... သတိုးတာယာက တည်ငြိမ်နေသောမျက်နှာဖြင့် အမြဲနေနေသူ၊ တစ်ခါမှအရယ်အပြုံးမရှိသူ၊ ထိုသို့သောသူက ရယ်ပြုံးတော့ မအံ့ဩပဲမနေနိုင်။

ထို့အပြင် ရယ်သံကလည်း IT ကားထဲကရယ်သံကြီးလိုပဲ။ တိုးညင်းနေတာပဲရှိတာ... ကျယ်များကျယ်ရင် ချွတ်စွတ်ဖြစ်လောက်တယ်။

ဂျူတီဆင်းတော့ ကားသော့လေးဝေ့ရမ်းကာ သတိုးဆေးရုံထဲမှထွက်လာလေသည်။ ဆေးရုံမြေညီထပ်မှာ ကားပါကင်ရှိသည်။ ထိုကားပါကင်များထဲမှ ဘယ်ဘက်ထောင့်စွန်းတွင် သူ့ကားကိုရပ်ထားခဲ့သည်လေ။ ထို့ကြောင့် သူထိုနေရာသို့ ထွက်လာခဲ့ခြင်းပင်။

ကားနားရောက်သည်နှင့် ကားပေါ်သို့တက်လိုက်ကာ မောင်းထွက်လာခဲ့သည်။ အချိန်အားဖြင့် ညနေ‌ငါးနာရီလောက်ပဲရှိသေးတာမို့ သွားလိုသည့်‌နေရာသို့ မောင်းလာလိုက်လေသည်။

လမ်းမတစ်လျှောက် သီချင်းလေးဖွင့်ကာ အေးဆေးမောင်းလာခဲ့သည်။ လမ်းမတန်းဆိုသည့်အတိုင်း စည်ကားလျက်ရှိနေပြီး လမ်းဘေးဘီဝဲယာတွင် ဆိုင်အချို့ရှိနေပြီး တစ်ချို့လမ်းကြားတွေဆိုရင် ညဈေးတန်းကဲ့သို့ပင် ပိုမိုစည်ကားနေသေးသည်။

သတိုးပျော်ပျော်ရွှင်ရွှင်ဖြင့် ဆေးရုံကအလုပ်စောစောဆင်းလာသဖြင့် လေးညှို့ရှိရာဆီသို့ အံ့ဩသွားအောင်လုပ်ရမည်ဟုတွေးရင်း ထွက်လာခြင်းဖြစ်သည်။ လမ်းဆုံလမ်းခွအရောက် ညာဘက်သို့ချိုးလိုက်ကာ ဝင်ရောက်လာခဲ့သည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now