Story 10

1.7K 87 6
                                    

Unicode
................

အခုတစ်လော အိမ်တွင်သာငူငိုင်ငိုင်ဖြစ်နေသော မင်းရောင်ခြယ်ကြောင့် ဂမုန်းမနေနိုင်စွာ အကျိုးအကြောင်း ဝင်မေးမိသည်။

"ရောင်... နင်ခုတလောဘာဖြစ်နေတာလဲ။ ငူငူငိုင်ငိုင်နဲ့ အဆင်ကောပြေရဲ့လား"

"အင်း... ငါအဆင်ပြေပါတယ်"

"ငါ့ကိုရင်ဖွင့်ချင်ဖွင့်လေ"

"ဟူး... ငါ့သခင်လေးကလေ စေ့စပ်ထားတဲ့သူရှိတယ်တဲ့။ အဲ့လူကလည်း ဘယ်သူလဲသိလား"

"ဟင့်အင်း"

" ငါတို့အခန်းထဲက ကြာကူလီရုပ်နဲ့ကောင် ဘုန်းမဟာသော်တဲ့လေ"

"ဘယ်လို???"

"ဟုတ်တယ်... ပြီးတော့လေ သခင်က အဲ့ကောင်ကိုသဘောကျနေတာတဲ့။ အဲ့အကောင်ကဘာများကောင်းနေလို့လဲ။ ငါ့ရဲ့သခင်လေးကိုတောင် ဂရုမစိုက်ဘူး။ အဲ့လိုကောင်အတွက်နဲ့ သူ့အချိန်တွေကို ဖြုန်းပြစ်နေရတယ်လို့"

"အေးလေ... "

"ဘာအေးလေလဲ။ နည်းနည်းပါးပါး ကူစဉ်းစားပေးမယ်မရှိဘူး။ ငါဘယ်လိုလုပ်ရမလဲ... ငါသူ့ကိုတကယ်ချစ်တာဟ"

"အင်း... နင့်ဟာက စစ်မဖြစ်ခင် လက်နက်ကုန်သလိုပဲ"

"မြှားကုန်ပါဟ"

"လျှာမရှည်နဲ့ မြှားဆိုတာ တစ်ခါသုံးပဲ။ လက်နက်ဆိုတာ အကြိမ်ကြိမ်သုံးလို့ရတယ်"

"ဪ...အေး"

ရုပ်တည်ကြီးနဲ့ မင်းရောင်ခြယ်လည်း အစ်မဖြစ်သူအား အလိုက်ထိုက်ပြန်ပြောလိုက်သည်။

"အဲ့တော့ နင်သူ့ကို စကားတွေဘာတွေသွားပြောဖြစ်သေးလား"

"နိုး"

"ညံ့လိုက်တာဟယ်"

"မပြောရဲလို့ပေါ့ဟ။ ငါ့အပိုင်ဆိုပြီး တေးထားတာ သူကပိုင်ရှင်ကြီးနဲ့လေ။ ငါကဘာလုပ်ရတော့မှာလဲဟ။ ပြီးတော့ ငါက ရုပ်လည်းသိပ်မချောပဲနဲ့ သူ့လိုဖြူဖြူဖွေးဖွေး၊ နုနုထွဋ်ထွဋ်ဥဥလေးက ငါလိုကောင်ကို ပြန်ကြိုက်ပါ့မလား။"

"အာ့ကြောင့်ညံ့တယ်ပြောတာပေါ့။ သူကစေ့ပဲစပ်ထားတာလေ။ လက်ထပ်ထားတာမှမဟုတ်တာ။ ပြီးတော့ ငါတို့က အသက်လည်းမပြည့်သေးဘူး။ ယူချင်တောင် ယူလို့မရသေးဘူးလေ။ အဲ့တော့ ကိုယ့်ခရှက်ရှ်စိတ်ဝင်စားအောင်လို့ ကိုယ့်ကိုသတိထားမိအောင်လုပ်ရမယ်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now