Story 32

1.4K 62 0
                                    

Unicode
................

လေးညှို့တို့ ယခုညဈေးထဲတွင်ရောက်နေခြင်းဖြစ်သည်။ ပွဲဈေးတန်းကြီးကဲ့သို့ ရှည်လျားလှသည့် ဈေးတန်းကြီးရှိနေပြီး ထိုဆိုင်များသည် ဘေးတစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင် အနေအထားဖြင့်ရှိလို့နေသည်။

အစားအသောက်များ အစုံအလင်ရှိလို့နေပြီး ဖန်စီပစ္စည်းအချို့လည်း ရောင်းသည့်ဆိုင်များလည်းရှိလေသည်။ လေးညှို့က သတိုး၏လက်ကိုချိတ်ကာ သူစားချင်သည့် အစားအစာများကို လက်ညှိုးထိုးကာ ဝယ်ကျွေးခိုင်းနေလေသည်။

"သတိုး... သတိုး... ဟိုရေဘဝဲကြော်လေး ဝယ်ကျွေး"

"အင်း..."

ရေဘဝဲကြော်မှာထားတုန်းရှိသေး မျက်စောင်းထိုးဆိုင်က သ‌ေင်္ဘာသီးသုတ်ဆီသို့ အကြည့်ရောက်သွားပြန်သည်။

"သတိုး.. ခဏလေးနော်။ ဟိုဆိုင်က အသုတ်လေးက စားကောင်းမဲ့ပုံလေး"

"နေဦးလေ.... ညှို့လေး"

သတိုးကတော့ ရေဘဝဲကြော်ဗူးကိုယူကာ လေးညှို့အနောက်ကလိုက်ရပြန်သည်။

"သတိုး... သတိုး... ဟိုအကင်လေးလည်း ဝယ်မယ်နော်"

"အင်း... အင်း..."

"အန်တီ... ကျွန်တော့်ကို ဒီဟာတွေတစ်မျိုးတစ်ချောင်းစီ အကုန်ကင်ပေးပါနော်"

"အမ်... ကြောင်ပေါက်လေး... ကုန်နိုင်လို့လား။ များနေပြီနော်"

"ကုန်သွားမှာပေါ့... ဘာလဲ ဝယ်မကျွေးချင်လို့လား"

"မဟုတ်ပါဘူးကွာ... မင်းလေးစားတာများနေပြီလားလို့"

"ကျွန်တော်မှ မ,ဝသေးတာကို။ သတိုးကလည်း ဝယ်ကျွေးပါ နော်လို့ နော်"

ချစ်စရာကောင်းအောင် မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်ကာချွဲလိုက်တော့ သတိုးတာယာလည်း မဝယ်ပေးချင်ပဲမနေနိုင်တော့ပေ။

"အွန်း... "

"ဟီး... အာ့ကြောင့် ချစ်ရတာသဲလေးကို။ ပြီးရင် ဟိုးဘက်ဆိုင်က ကြက်ကြော်နဲ့ ဆိတ်သားထောင်းလေးပါ ဝယ်ကျွေးနော်"

"အမလေး... စိတ်ကြိုက်တာဝယ်ပါ ကြောင်လေးရေ။ မင်းနေမကောင်းရင် ကိုယ်ပဲကုပေးမယ် ဟုတ်ပြီလား"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now