Story 11

1.6K 91 8
                                    

Unicode
...............

ညှို့သက် သန့်စင်ခန်းထဲတွင် ဒေါသူပုန်ထလို့နေလသေည်။

''ဘာ... လွတ်သွားတယ်ဟုတ်လား။ မင်းတို့အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ။ ကျစ်..... အဲ့ကောင် အိမ်ပြန်သွားတာပဲနေမယ်။''

''........''

''မင်းတို့က တောင်းပန်ဖို့ပဲသိတယ်။ သူ့ကိို ဒီညတွင်းချင်းလိုချင်တာကို အသုံးကိုမကျဘူး။ ခုတော့ဘယ်လိုမှလုပ်လို့မရတော့ဘူး။ မင်းတို့အလုပ်ကိုသေချာမလုပ်လို့ ဘာပိုက်ဆံမှရမယ်မကြံနဲ့... ''

ဖုန်းကို ဘေစင်ဘေးဘောင်ပေါ်သို့ ဝုန်းခနဲပစ်ချလိုက်ပြီး စိတ်ဆိုးလို့နေလေသည်။ လေးညှို့သခင်ဆိုတဲ့ အရှုပ်ကောင်က လက်မလေးတင် လွတ်လွတ်သွားနေတာ။ ညှို့သက်ကိုလည်း လူကြားထဲ၌ အရှက်ခွဲသွားလိုက်သေးသည်။

ညှို့သက် တကယ်ကိုမကျေနပ်နိုင်ပါ။ လေးညှို့က တမင်သက်သက် သူ့အပေါ်စောင်းမြောင်းပြောဆိုနေတာ။ ယခင်ကဆို ညှို့သက်လုပ်သမျှငြိမ်ခံနေတဲ့ လေးညှို့က ခုချိန်မှာလူစားလဲခံလိုက်ရသလိုပင်။

မဟာ့ကိုပေးမယ့် ရေမွှေးပုလင်းကိုလည်း ညှို့သက် အလုပ်သမားများကို တိတ်တဆိတ်ဖျက်ဆီးပြစ်ခိုင်းလိုက်သေးတာကို ဘယ်ချိန်က သွားဝယ်လိုက်မှန်းမသိတဲ့ ကျောက် လက်ကောက်တစ်ကွင်းကို ကိုကို့အားပေးဖြစ်အောင်ပေးလိုက်သေးသည်။

ဒါ့အပြင် ညှို့သက်ကိုလည်း လူပုံအလယ်မှာ အရှက်ရအောင်ပြောဆိုလိုက်သေးသည်။ ညှို့သက်မှာလည်း နှလုံးသားရှိပါသည်။ ကိုကို့အနားမှာ နေရမည့်အချိန်က လေးညှို့တို့အထက်တန်းအောင်အထိဟု ကိုယ့်ကိုယ်ကိုခံယူထားတာ။ အခုတော့ ညှို့သက်အပေါ် စော်ကားပြောဆိုခဲ့မှုအတွက် ကိုကိုမဟာကို လေးညှို့ထံသို့ မပေးချင်တော့ပါ။

ထို့ကြောင့် လေးညှို့ကို ဒီကမ္ဘာကြီးထဲမှ ကွယ်ပျောက်သွားစေချင်သည်မို့ ဒီကနေ့ည လုပ်ကြံရန်စေခိုင်းလိုက်တာ အသုံးမကျသည့်ကြေးစားတွေကြောင့် လေးညှို့ကလွတ်သွားခဲ့ရသည်။

''တောက်ခ်.... သုံးလို့ကိုမရဘူး။ အားးးး စိတ်တိုလိုက်တာအရမ်းပဲ''

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now