Story 37

1.5K 64 3
                                    

Unicode
.................

‌ကျွန်တော် လေဟာနယ်ထဲ မျှော်လွင့်နေသလို ခံစားနေရတယ်။ ဒါပေမဲ့ ဒါက ဘာကြောင့်ဖြစ်နေလဲဆိုတာ မသိဘူး။ ကျွန်တော့် မျက်လုံးတွေ ဖွင့်ချင်ပေမဲ့ ဖွင့်မရခဲ့ဘူး။ အကြောများ ထုံထိုင်းနေသလို လက်များဟာလည်း လှုပ်မရခဲ့။

ထို့အပြင် မျက်လုံးထဲက စိုစွတ်နေသော အရာတစ်ခုရှိနေတာကို ခံစားနေရတယ်။ ထိုအရာသည် တသွင်သွင် စီးဆင်းလို့နေပြီး ကျွန်တော်၏လည်တိုင်နားထိတောင် ရောက်နေသလို ထင်လိုက်မိသည်။

ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ဘယ်အရာမှရှိ‌မနေပဲ ဗလာနတ္ထိ ဖြစ်နေတယ်။ ကျွန်တော့်စိတ်ထဲ တစ်ခုခုကို မေ့နေသလိုပဲ။ ဒါပေမဲ့ စဉ်းစားမရခဲ့ဘူး။

နားထဲမှာလည်း တစ်စုံတစ်ယောက်လှမ်းခေါ်နေသလို အသံတွေကြားရသလို။ စက်သံလိုမျိုး တတီတီသံပဲကြားရသယောင်နဲ့ သံသယဖြင့် ဇဝေဇဝါပင်။

"@#$&+++++"

ရှုပ်ယှက်ခတ်နေသော အသံများရပ်တန့်သွားပြီး ပတ်ဝန်းကျင်က ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။ ထို့နောက် လေဟာနယ်ထဲတစ်ဖန် ပြန်လည် လွင့်မျှော်နေခဲ့သေးသည်။

"တီတီတီ.... ကစားသူအမည် ညှို့သခင်။ အသက် နှစ်ဆယ့်ငါးနှစ်။ အသက်သုံးကြိမ်တိတိ သေဆုံးခဲ့သဖြင့် ဂိမ်းကစားမှုတွင် ရှုံးနိမ့်သွားပါသည်။

ကစားပြီး ကြာမြင့်ချိန်မှာ ငါးနာရီနဲ့ နှစ်ဆယ့်ရှစ်မိနစ် သုံးဆယ့်ငါးစက္ကန့် ဖြစ်ပါသည်။ မစ်ရှင်ပြီးမြှောက်မှုကတော့ ၉၈ရာခိုင်နှုန်းပါ။ နောက်ဆုံးအထိ အသက်မရှင်ခဲ့တာမို့ အစကနေတစ်ဖန်ပြန်ကစားမည်လား။ ဒါမှမဟုတ် အရှုံးပေးမည်လား။"

"......."

"သုံးမိနစ်အတွင်း အဖြေမပေးရင် အရှုံးပေးမည်ဟု သတ်မှတ်မည်ဖြစ်ပါသဖြင့် သေချာဆုံးဖြတ်ပေးပါရန်။"

"...... အ.... အင်း...."

လေးညှို့ အင်းအဲဖြင့် ညည်းညူရင်း နဖူးစပ်တွင်လည်း ချွေးများစီးကျလို့နေလေသည်။ သူ့ပုံစံက အိမ်မက်ဆိုးကို မှတ်နေသယောင် လူးလိမ့်လို့နေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now