Story 6

2K 122 4
                                    

Unicode
.................

ပါးမှာလက်ငါးချောင်းရာကြီးဖြင့် ကျောင်းသို့ခပ်တည်တည်ဝင်သွားသည့် မဟာကို လူအများဝိုင်း၍ကြည့်နေကြလေသည်။ မဟာကတော့ဂရုမစိုက် သူ့အနောက်မှပါလာသူကိုတစ်ချက်လှည့်ကြည့်တော့ မာန်ဖီပြလာသည့်ကြောင်လေးလို အကြည့်စူးစူးဖြင့်ဖြဲခြောက်နေသော လေးညှို့။

ငိုမဲ့မဲ့ဖြင့် အရှေ့ကိုပြန်လှည့်ကာ ဆက်လျှောက်သွားရလေသည်။ မဟာနှင့်အတူတွဲမလျှောက်ချင်၍ အရှေ့သို့ အတင်းသွားခိုင်းတာကြောင့် မသွားချင်သွားချင်ဖြင့် သွားနေရလေသည်။ သူတို့နှစ်ယောက်၏အဖြစ်ကို ဘေးလူများကြည့်ရင်ဖြင့် တစ်တီတူးနှစ်ယောက်၏ခွေးစာတွေ စားနေရသလိုပင် ခံစားနေရသည်။

စာသင်ဆောင်သို့ရောက်တော့ မဟာကအခန်းထဲတန်းမဝင်ပဲ ​လှေကားထိပ်မှာရပ်စောင့်နေသေးသည်။ လေးညှို့မသိချင်ယောင်ဆောင်ကာ ကျော်သွားပေမဲ့ မဟာကသူ့ရှေ့တွင်ပိတ်ရပ်လာပြီး...

''ဘာလဲ''

''ညှို့ငယ်...ဟိုလေ... နေ့လည်ကျရင်လေ... ကိုယ်မင်းဆီထပ်လာခဲ့မယ်နော်''

''မလာနဲ့...ဘာလာလုပ်မှာလဲ။ ဒီမှာမနက်ကကိစ္စမကျေသေးဘူးနော်။ ဒါထပ်စားချင်လို့လား''

လက်ဖဝါးလေးကိုထောင်ကာပြောလာသည့်လေးညှို့။ မဟာပြီတီတီမျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။

''အာ့ဆို ကိုယ့်အတန်းကိုယ်သွားတော့... ''

''ဟုတ်... ဒါနဲ့လေ... မနက်ကဟာလေးလေ... နာလက်စနဲ့ ပြွတ်စ်''

ဆိုပြီး လေးညှို့၏ပါးပြင်နုနုလေးကို အနမ်းပေးပြီး တစ်ချိုးတည်းလစ်ပြေးလေတော့သည်။ အဝေးကနေပြီး နောက်ပြန်လှည့်ကာ တာ့တာပြဖို့လည်းမမေ့။

''ကျစ်... သူတောင်းစား သူ့ပါးစပ်ပုတ်ကြီးနဲ့ ငါ့ကိုနမ်းသွားတယ်''

ပါးစပ်ကသာ ပြောဆိုနေပေမဲ့ မျက်နှာမှာတော့ အပြုံးပန်းတွေဝေနေရပါသည်။ လေးညှို့အပေါ်ထားတဲ့ မဟာ၏အချစ်တွေကို ခံစားခဲ့ရလို့ ဒီလိုပြန်ရှင်သန်ရသည့်ဘဝကြီးက အလွန်ပင်ကောင်းမွန်လှလေသည်။

အတန်းအဝင်ဝသို့အရောက် ပိတ်ရပ်နေသောလူတစ်ယောက်ကြောင့် လေးညှို့မှာ အထဲသို့ဝင်မရ။ ထို့ကြောင့် မိမိမှာစိတ်တိုလာရပြီး အောက်နှုတ်ခမ်းကိုတောင် ကိုက်မိသွားလေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now