Story 28

1.3K 65 3
                                    

Unicode
................

"ဘာလို့ဆို အဲ့ဒီဇိုင်းက ကျွန်တော်ကိုယ်တိုင် ဆွဲခဲ့တဲ့ ဒီဇိုင်းမို့လို့ပေါ့"

"မင်းမဟုတ်တာလျှောက်မပြောနဲ့။ ဘာသက်သေရှိလို့ ကျွန်မကိုစော်ကားနေတာလဲ"

"ဟက်... သက်သေရှိတယ်လေ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်လက်နဲ့ ခရမ်းရောင်စာအိတ်ထဲထည့်လိုက်တာ ပြီးတော့ အဲ့ဒီဇိုင်းမှာ ထူးခြားချက်တစ်ခုရှိတယ်။ "

"ဘာ.. ဘာလဲ"

"ဒီလိုလွယ်လွယ်နဲ့ ပြောရအောင် ကျွန်တော် အ,တဲ့ကောင်မဟုတ်ဘူး။ ကျွန်တော့်ကို ဆွဲထားတဲ့ ဒီဇိုင်းမူရင်းဖိုင်နှစ်ခုကို ဒီကိုယူလာပေးပါ။ အားလုံးရှေ့မှာ အကုန်လုံးကို ပြောပြပေးနိုင်တယ်"

လေးညှို့၏ ယုံကြည်ချက်ရှိရှိပြောလိုက်တဲ့စကားကြောင့် ထိုအမျိုးသမီးသည် အကြောက်အကန်ကိုငြင်းလေတော့သည်။

"ငါလက်မခံနိုင်ဘူး။ မင်းမဟုတ်တာတွေ လျှောက်မပြောနဲ့။ ငါကဘာကိစ္စ မင်းကိုယူပြရမှာလဲ။ ဒါက ငါ့ဒီဇိုင်းပဲ ... နင်မဟုတ်တာမပြောနဲ့"

"ဒါဆို ပိုလို့တောင် သက်သေပြနိုင်ရမှာပေါ့... မဟုတ်ဘူးလားခဗျ"

လေးညှို့ အပြုံးလေးတစ်ခုဆင်မြန်းကာ ပရိသတ်ဘက်သို့လှည့်ပြီးပြောလိုက်လေသည်။

"ကိုယ်လည်း ထောက်ခံတယ်။ အကယ်၍ မမဒီပြောတာ အမှန်ဆိုရင် သက်သေပြနိုင်ရမှာပေါ့"

ဟု စင်အောက်မှာမတ်တပ်ရပ်ကာ ပြောလိုက်သောသူ။ ထိုသူကတော့ သော်လက်ဝတ်ရတနာ ကုမ္ပဏီ၏ပဲ့ကိုင်ရှင်ဖြစ်သည့် ဘုန်းမဟာသော်ပင်။ သူ့ဘေးနားတွင်တော့ ညှို့သက်ရှိနေပြီး သူတို့အားကြည့်လို့နေလေသည်။

"ကိုကို... သူများကိစ္စ ဘာလို့ဝင်ပါနေတာလဲ"

ဟု တိုးတိုးလေးကပ်ပြောလိုက်သည်။ သို့သော် မဟာကတော့ ဂရုမစိုက်စွာဖြင့် ဆက်ပြောလေသည်။

"အစ်မဘက်က အမှန်အတိုင်းပြောပြနိုင်ရင်တော့ အားလုံးလည်း သေချာရှင်းရှင်းလင်းလင်းသိရတာပေါ့။ မဟုတ်ရင်တော့ လေးညှို့ရဲ့ စကားသာအမှန်လို့ပဲ ထင်ကြရလိမ့်မယ်လေ။ အဲ့တော့ သေချာစစ်ဆေးပြီး အထဲမှာပါတဲ့လျှို့ဝှက်ချက်ဆိုတဲ့အရာကို ဖော်ထုတ်ရမှာပေါ့"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now