Story 19

1.4K 78 5
                                    

Unicode
................

လေးညှို့ အထက်တန်းကို သည်းခံပြီး ပြီးဆုံးအောင်တက်ရန် ရည်ရွယ်၍ St.Victoria ကျောင်းသို့ ထပ်မံ‌ခြေချရပြန်သည်။ လေးညှို့ကျောင်းသို့ ဝင်လျှင်ဝင်ချင်း အများ၏အကဲခတ်မှုကိုခံရပြီး တစ်ချို့ကမူ မလိုမုန်းထားစိတ်များဖြင့် တစ်ဖက်သားကို ရှုံ့ချကြလေသည်။

လေးညှို့အတွက် ထိုအရာများက မြင်ဖူးနေကျမို့ ရိုးသွားသဖြင့် လျစ်လျူရှုလိုက်တော့သည်။ သို့သော် မနေနိုင်သော ကျောင်းသူအချို့၏ စောင်းမြောင်းပြောဆိုခြင်းကိုတော့ ခံရမြဲ၊ခံရလတ္တံ။

ကျောင်းကောင်စီအဖွဲ့မှလည်း နှုတ်ထွက်လိုက်ပြီး မိမိဘာသာပဲ တစ်သီးတစ်သန့်သာနေထိုင်ခဲ့သည်။ အတန်းပြီး၍ ထမင်းစားချိန်ရောက်တော့ လေးညှို့ကန်တင်းသို့လာခဲ့လေသည်။

ကန်တင်း၌စားစရာများကို လွမ်းနေခဲ့ရ၍ အပြီအပြင်ကြိတ်မည်ဟု ကြံရွယ်လျက် ထမင်းပန်းကန်ဆွဲကာ စားချင်သည်များအား ထည့်လေသည်။

ပြောင်းဖူးကြော်၊ ဝက်ချိုချဉ်၊ခေါက်ဆွဲကြော်နှင့် တုန်ယမ်းဟင်းရည်တို့ကို အနည်းငယ်စီထည့်ကာ ပျော်ရွှင်လို့နေလေသည်။ ထိုင်ခုံ‌နေရာရှာလိုက်တော့ အားလုံးသူ့နေရာနှင့်သူ ပြည့်နေ၍ အတော်လေးရှာယူနေရသည်။

ထိုချိန် မဟာက လေးညှို့အားလက်မောင်းကနေ ရုတ်တရက်ဆွဲခေါ်လာပြီး သူနဲ့အတူထိုင်စေသည်။

"ညှို့... ကိုယ်တို့ဝိုင်းလူလွတ်တယ်။ အတူထိုင်ရအောင်"

"ဟမ်... မင်း.. ဘာလုပ်တာလဲ။ ငါ့ကိုလွှတ်စမ်း"

"လာပါဆို ... အတင်းမရုန်းပါနဲ့။ ထမင်းပန်းကန်မှောက်ကုန်တော့မှာပဲ "

"ကျစ်..."

လေးညှို့မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားလိုက်ရသည်။ ‌ထိုဝိုင်းလေးတွင် ထိုင်နေသူကသုံးယောက်။ ကြည့်ရတာ ဘုန်းမဟာသော်၏သူငယ်ချင်းများ ဖြစ်ပုံရသည်။

နှစ်ယောက်ကယောက်ျားလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်ပါဝင်နေသည်။ လေးညှို့မထိုင်သေးပဲ ရပ်ကြည့်နေတာမို့ မဟာကအရင်ဝင်ထိုင်ပြီး သူ့အားခေါ်လိုက်လေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now