Story 18

1.4K 80 8
                                    

Unicode
.................

ညှို့သက်သခင် ဒီအတော်အတွင်း စိတ်ဆင်းရဲနေသော မိဘများကို နှစ်သိမ့်ပေးနေရသည်။ အထူးသဖြင့် မိခင်ဖြစ်သူ... သူမကအစ်ကိုဖြစ်သူ လေးညှို့အား အလွန်ချစ်သူဖြစ်ပြီး ထိုစိတ်နဲ့ပင် အိပ်ရာထဲ ဘုန်းဘုန်းလဲလေတော့သည်။

ညှို့သက်အတွက် ပျော်နေပေမဲ့ မိဘတွေစိတ်ဆင်းရဲနေခြင်းကိုတော့ မနှစ်မြို့ခဲ့ချေ။ ထို့ကြောင့် အပေါ်ယံမျှသာ နှစ်သိမ့်ပေးပြီး လေးညှို့ကို မေ့မေ့ပျောက်ပျောက်နေရန်သာ ပြောဆိုခဲ့သည်။

လေးညှို့အစား သူနေရာယူပေးမည်ဟုပြောထားသဖြင့် ဖခင်ဖြစ်သူမှာလည်း ညှို့သက်ကို ပိုအားကိုးခဲ့သည်။ အရာရာအဆင်ပြေချောမွေ့နေပြီး ညှို့သက်အဖို့ နတ်စည်းစိမ်တမျှ သာယာလို့နေလေသည်။

မဟာ၏မိဘများကလည်း လေးညှို့အဖြစ်ကိုသိထားပြီးဖြစ်တာကြောင့် စေ့စပ်ပွဲကိုဖျက်သိမ်းရန် ပြောဆိုလာသည်။ မိခင်ဖြစ်သူက မပြောဆိုသော်လည်း မဟာ၏ဖခင်မှာ အားမနာတမ်းလာရောက်ပြောဆိုပြီးထားနှင့်လေသည်။

လေးညှို့ကို မဟာနဲ့သဘောတူမည့်အစား ဉာဏ်ကောင်းပြီးလိမ္မာတဲ့ ညှို့သက်သခင်နှင့်သာ သဘောတူနိုင်မည်ဟု ပြောဆိုလာခဲ့လေသည်။  ထိုစကားများကြောင့် ဖခင်ဦးမှိုင်းညှို့သခင်လည်း ထပ်စဉ်းစားပေးပါရန် ပြောခဲ့သော်လည်း မရခဲ့သဖြင့် လက်လျော့ခဲ့ရလေသည်။

မဟာ၏ဖခင်ကလည်း အခင်အမင်မပျက်ချင်၍ လေးညှို့အစား ညှို့သက်ကိုပြောင်းပြီး စေ့စပ်ပွဲလုပ်မည်ဆိုလျှင်တော့ သဘောတူမည်ဟုပြောတာကြောင့် နောက်မှအဖြေပြောမည်ဟုသာ ပြောခဲ့လိုက်သည်။

ထိုကိစ္စများကို ညှို့သက်သိသော်လည်း သူအလောတကြီးမပူဆာခဲ့။ မသိသလိုသာငြိမ်ခဲ့ပြီး အ‌ခြေအနေကိုသာ စောင့်ကြည့်နေခဲ့လေသည်။ သူသိလေသည်... မကြာခင်အချိန်မှာ ဘုန်းမဟာသော်ကို သူပိုင်ဆိုင်လာရတော့မည်လေ။

ဦးမှိုင်းညှို့ဘက်ကကြည့်လျှင်လည်း ဦးမြင့်မြတ်မဟာ၏ စီးပွားရေးရှယ်ရာများကို ပံ့ပိုးပေးထားသဖြင့် သူ၏ကျေးဇူးများကလည်း ရှိနေသည်မို့ သားငယ်နှင့်သာ သဘောတူရတော့မည့်အနေအထားပင်ဖြစ်သည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now