Story 36

1.4K 72 8
                                    

Unicode
................

လွန်ခဲ့သော တစ်ပတ်တည်းက ညှို့သက်အိမ်ပြန်မလာခဲ့ဘူး။ မိခင်ဖြစ်သူက စိုးရိမ်ခဲ့သော်လည်း ဖခင်ကတော့ လျစ်လျူရှုထားမြဲ။ သူ့ရဲ့သားငယ် တဇောက်ကန်းကို အမွေပြတ်တောင် စွန့်လွှတ်ချင်နေပုံရသည်။

ထို့ကြောင့် သတင်းစာထဲတွင် တစ်ပတ်ပြည့်လို့မှ အိမ်ပြန်မလာလျှင် အမွှေပြတ်ဖြင့် သားအဖြစ်မှစွန့်လွှတ်မည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ထိုသတင်းက တစ်မြို့လုံးတင်မက တစ်နိုင်ငံလုံးပါ ဟိုးလေးတကျော်ထပ်ဖြစ်သွားခဲ့လေသည်။

လေးညှို့ကတော့ ထိုကိစ္စအတွက်ကြောင့် မည်သည့်စကားမျှမဆိုသလို ဝင်လည်းမစွတ်ဖတ်ချေ။ ဒါက လေးညှို့အတွက် ညှို့သက်သခင်ကိုပေးသည့် အပြစ်ဒဏ်ပင်။

ထိုကိစ္စမပြီးသေးဘူး နောက်ထပ်အကြောင်းအရာတစ်ခုလည်း ရှိသေးသည်။ ဒါကတော့ မင်းရောင်ခြယ်က လေးညှို့ကို မိဘတွေဆီမှာ လာတင်တောင်းခြင်းပင်။

အဖြေမပေးရသေးသော သူ့မှာတောင် ဘာပြောလို့ပြောရမှန်းမသိ။ အိမ်ပေါ်ဒုန်းဆိုင်းဖြင့် ရုတ်တရက်ရောက်ချလာပြီး သူလုပ်ချင်ရာလုပ်သွားသည့် သူ။

စက်ရုပ်ကောင်ကလည်း ဒါမျိုးကျငြိမ်နေတာ သူ့ကိုတောင် အသိမပေးခဲ့။ ထို့ကြောင့် သူ့မှာ ဘာဆိုဘာမှမသိရ... သုံးမရချက်။ မင်းရောင်ခြယ်က ဘာပြောလဲဆိုတော့ အနားမှာ ယင်ကောင်တွေဝိုင်းနေလို့ စိတ်မချတဲ့အတွက် ချက်ချင်းအပိုင်သိမ်းပြစ်လိုက်တာတဲ့လေ။

လေးညှို့ခဗျာ ဒေါသထွက်ချင်တာတောင် မထွက်လိုက်ရ။ တော်သေးသည်က စက်ရုပ်ကောင်ပြောသလို မောင်းမတစ်ထောင်ဇာတ်လမ်းတွဲကို သွေဖယ်မသွားသည့်အတွက် သူလည်းခေါင်းငြိမ့်လက်ခံခဲ့လေသည်။

ကျန်ခဲ့သော ငယ်ချစ်ဦးမဟာနှင့် သူငယ်ချင်းလေး သတိုးကိုတော့အားနာပါရဲ့။ မဟာက ငယ်ချစ်ဦးဆိုတဲ့ စိတ်ကလွဲပြီး တစ်ခြားမည်သည့်ခံစားချက်မျှမရှိတော့ပဲ သာမာန်မိတ်ဆွေအနေဖြင့် လက်ခံနိုင်လေပြီဖြစ်သည်။

သတိုးကတော့ ထုံးစံအတိုင်း သူ့ကိုကပ်ချွဲ စ,နောက်ကာ နေသော်လည်း သူနဲ့မင်းရောင်ခြယ်တို့၏ မင်္ဂလာပွဲကိုတော့ လှိုက်လှိုက်လှဲလှဲ အားပေးရှာပါသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now