Story 13

1.5K 92 15
                                    

Unicode
...............

ကျောင်းအားကစားပွဲနေ့....

ကျောင်းသူကျောင်းသားများ သက်ဆိုင်ရာအသင်းတွင်နေရာယူနေကြပြီး အားကစားပွဲကိုဆင်နွှဲကြလေသည်။ မနက်ကျောင်းတက်ချိန် ၈နာရီလေးဆယ့်ငါးမှစတင်သည့်ပွဲဖြစ်ပြီး ညနေလေးနာရီတွင်အဆုံးသတ်မည်ဖြစ်သည်။

လေးညှို့တို့လက်ဆင့်ကမ်းအဖွဲ့သည် နေ့လည်နှစ်နာရီတွင်စမည်ဖြစ်ပြီး ရာသီဥတုသည်လည်း သာယာလို့နေသည်။ လေးညှို့တခြားသူများအတွက် ရေဗူးတွေကူသယ်ပေးရန် စတိုခန်းသို့သွားလေသည်။

လိုအပ်သည့်ပစ္စည်းများယူအပြီး ပုံးနှစ်ပုံးစာလောက်ရှိနေလေသည်။ ထို့ကြောင့်မည်သို့မည်ပုံသယ်ယူရမည်ကို အကျပ်ရိုက်နေချိန် အခန်းထဲသို့မင်းရောင်ခြယ်ဆိုသူဝင်လာလေသည်။

ထိုသူက လေးညှို့အပေါ်တွင် အမြဲအေးတိအေးစက်နိုင်သည်ဟုလည်း ခံစားရလေသည်။ သူ့ကိုအကူအညီတောင်းချင်ပေမဲ့ ခက်ထန်တဲ့မျက်နှာထားကြီးက မိမိ၏ ညီ​ဖြစ်သူညှို့သက်နှင့် နင်လားငါလားပင်။

သူ့ကိုအကူအညီတောင်းမည့်အစား ကိုယ့်အားကိုယ်ကိုးလိုက်သည်က ပို၍ပင်ကောင်းသည်ဟုတွေးလိုက်ရင်း လေးညှို့ပုံးနှစ်ပုံးကိုဆင့်တင်လိုက်သည်။ ထို့နောက် ပုံးနှစ်ဆင့်ကိုမကြည့်လိုက်တော့ လေးချက်က ချီးပင်ထွက်မတတ်။ ယိုင်တိုင်တိုင်ဖြစ်နေသောသူ့အနားသို့ မင်းရောင်ခြယ်ရောက်လာကာ ပုံးတစ်ပုံးကိုကူသယ်ပေးလိုက်လေသည်။

''ရ...ရပါတယ်''

''အင်း..လေးတယ်လေ... မနိုင်လောက်ဘူးမလား''

''ဟုတ်တယ်..မနိုင်ဘူး.. ကူသယ်ပေးတာ ကျေးဇူးပါ...ဟီး''

''ရ...ရတယ်...မ..လိုပါဘူး''

လေးညှို့ကသွားဖွေးဖွေးလေးပေါ်အောင် ရယ်ပြလိုက်တော့ မင်းရောင်ခြယ်မျက်နှာအမြန်လှည့်လိုက်ရသည်။ မဟုတ်ရင်ချစ်စရာကောင်လေးကို တစ်ခုခုလုပ်မိတော့မည်ပင်။

မိမိ၏ ရင်ဘတ်အစုံကလည်း အနီရောင်အဆင့်မြေငလျင်ကြီး ဝင်မွှေသွားသလို တဒိန်းဒိန်းဖြစ်နေသည်ကိုလည်း သူလေးမကြားစေရန် ဆုတောင်းနေမိသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now