Story 17

1.4K 77 6
                                    

Unicode
.................

သို့နှင့် တစ်ပတ်လောက်ကြာသွားပြီးနောက် လေးညှို့အတွက် ကြီးမားသည့်အပြောင်းအလဲကြီးတစ်ခုဖြစ်လာခဲ့လေသည်။ ထိုအချိန်က သူ့အတွက် မမေ့ပျောက်နိုင်သော သေဆုံးမှုမမည်သည့် သေဆုံးမှုနေ့ရက်များပင်ဖြစ်သည်။

ကျောင်းတွင်း ကျောင်းသားများ ဆေးသုံးမှုကို စစ်ဆေး‌နေကြချိန် လေးညှို့သည် သူမသိလိုက်ပါပဲ တစ်စုံတစ်ဦး၏ အကွက်ကျကျကြံစည်ခြင်းကို ခံလိုက်ရတော့သည်။

ဖြစ်ပုံကဒီလို...

လေးညှို့ပုံမှန်ကျောင်းတက်နေပြီး ညှို့သက်ဆီမှလည်း တစ်ခါတစ်ရံ အမည်မသိသည့် အကြည့်များကိုရတတ်သေးသည်။ သို့သော် ကြောက်စိတ်ကိုအံတုရင်း လျစ်လျူရှုပြီး နေခဲ့သည်။

မင်းရောင်ခြယ်ကလည်း ခုတလော ကျောင်းမလာသည်မို့ လေးညှို့မှာ အထီးကျန်သလို ခံစားရသည်။ သိတဲ့အတိုင်းပဲလေ... အတန်းထဲကသူတွေကော အပြင်ကပါမကျန် သူ့ကို သိပ်အခေါ်အပြောမလုပ်ကြပေ။

ထို့ကြောင့် လေးညှို့၏အချိန်တော်တော်များများကို မင်းရောင်ခြယ်ဖြင့်သာ ဖြတ်သန်းခဲ့သည်။
တစ်ရက် လေးညှို့ကျောင်းဆင်း၍ အဆောင်မှ ကျောင်းရှေ့သို့အသွား၊ လမ်းကြားတစ်နေရာ၌ လူမိုက်ကျောင်းသားအုပ်စုနှင့် တိုးတော့သည်။

သူတို့အုပ်စုကလည်း ကုတ်ချောင်းကုတ်ချောင်းဖြင့် တစ်ခုခုကို ကြံစည်နေဟန်တူနေတာကြောင့် လေးညှို့ထိုအနားသို့ အရဲစွန့်ကာ သွားကြည့်လိုက်သည်။ ထိုသူတွေရဲ့လက်ထဲမှာလည်း အဖြူရောင် အမှုန့်ထုပ်လေးကိုယ်စီကိုင်ထားကြသည်။

တစ်ချို့ကတော့ ဆေးထိုးအပ်ကိုယ်စီဖြင့်ပေါ့။ ထိုအုပ်စုက လေးညှို့နှင့် အရင်တည်းက မတည့်ကြသူများဖြစ်ရာ လေးညှို့ချောင်းကြည့်သည်ကို မြင်သည်နှင့် ရန်ပြုကြလေတော့သည်။

"အိုး... ဒါဘယ်သူများလဲ။ မာနမင်းသားလေးပါလား။ ဒီကိုဘာကိစ္စရှိလို့လဲ"

"မင်းတို့ ဒီမှာလာပြီး ဆေးတွေခိုးသုံးနေတာလား။ ငါ ဆရာမနဲ့တိုင်မှာနော်"

"ဟက်... မင်းတိုင်ရဲလို့လား"

" ဘာလို့မတိုင်ရဲရမှာလဲ။ ကျောင်းမှာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စစ်ဆေးနေတာကို မင်းတို့မို့လို့ အတင့်ရဲနေတာ"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now