Story 38 (End)

3.6K 75 2
                                    

Unicode
................

ညှို့သခင် ဆိုင်ထဲသို့ဝင်လာပြီးနောက် အတွင်းပိုင်းကို ဝေ့ကြည့်လိုက်လေသည်။ အတွင်းပိုင်းသည် ချေ့ကလတ်အ‌ရောင်နှင့် နို့နှစ်အရောင် ရောစပ်ကာ နံရံကို အလှဆင်ထားသည်။ မှန်ပြတင်းရှိသည့်နားတွင် သစ်ပင်ငယ်လေးများဖြင့်လည်း စီရီထားသည်။

မျက်နှာကျက်တွင်တော့ စိတ်ဝင်စားစရာကောင်းသော မီးဆိုင်းရှိပြီး ထိုမီးဆိုင်းပုံစံက ကလေးတွေအကြိုက် ဝေလငါးတွေ၊ ကြယ်နဲ့လပုံစံလေးတွေတောင် စီထားသေးသည်။

ညှို့သခင် သဘောကျစွာကြည့်လိုက်ပြီး ရောင်ကိုလိုက်ရှာမိသည်။ ရောင်က ကောင်တာထဲမှာဝင်နေပြီး ကော်ဖီဖျော်နေလေသည်။ ညှို့သခင် သူ့အနားသို့သွားလိုက်ပြီး လက်ထဲကဆေးဗူးကို ပြန်ပေးလိုက်လေသည်။

"ဟို.... ရောင်... ဒီဟာ"

သူက ညှို့ကိုတစ်ချက်ကြည့်လာပြီးနောက် ခေါင်းပြန်ငြိမ့်ပြလာသည်။

"ရပါတယ်။ မင်းလက်နာတယ်ဆိုလို့ ဆေးလိမ်းဖို့ယူသွားလိုက်လေ"

"ရတယ်ဗျ။ ကျွန်တော်လိမ်းထားပါတယ်... ကျေးဇူးနော် ရောင်"

"အင်း... "

"ဟို...ဟိုလေ...ရောင်... ကျွန်တော်ပြောတဲ့ ရောင်နဲ့တူတယ်ဆိုတာလေ"

ညှို့သခင် ပြောလို့မှမဆုံးသေးဘူး။  ဆိုင်တံခါးဖွင့်သံနှင့်အတူ တစ်စုံတစ်ယောက်အော်ခေါ်သော အသံကို ကြားလိုက်ရလေသည်။

"ကိုကို!!!!"

"ဪ... သက်တန့်ငယ် လာလေ"

"ဟီး... ကျွန်တော့်ကို ကာပီချီနိုလေးတစ်ခွက်ပေးပါဗျ"

"မလာတာကြာပြီနော် သက်"

"ဟုတ်တယ်ဗျ... သက်စာမေးပွဲတွေ ဖြေနေရလို့။ ခုကျောင်းမှာ assignment တွေထပ်ရတယ်လေ။ အဲ့ဒါပြင်ဆင်နေရလို့ပါဗျာ"

"ဪ... "

ညှို့ ထိုသက်တန့်ငယ်ဆိုသော သူကိုတစ်ချက်ကြည့်လိုက်တော့ မျက်လုံးပင်ပြူးကုန်ရသည်။

"ဟင်... ညှို့သက်သခင်"

"?????"

သူ့ပါးစပ်ကလွှတ်ခနဲပင် ထွက်မိသွားသည်။ ဘယ်လိုတောင် ဂိမ်းထဲကဇာတ်ကောင်နှင့်တူနေရသနည်း။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now