Story 29

1.3K 74 5
                                    

Unicode
.................

ရတနာပြပွဲအပြီး နှစ်ရက်အကြာ ‌လေးညှို့မထင်မှတ်ထားသည့် ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပြန်သည်။ ဤသည်ကတော့ သူ၏ကျောင်းသားကာလအတွင်း အဆိုးဝါးဆုံးဖြစ်ရပ်ကြီးတစ်ခုကို ဖော်ထုတ်ခြင်း ခံလိုက်ရသောကြောင့်ပင်။

ယခင်က ဆေးမှုနှင့်ထောင်ကျဖူးသည့်ကိစ္စကို မီဒီယာများတွင် အကျယ်တဝင့်ဖြင့် မဟုတ်မမှန်သောစကားများနှင့် ဝါဒဖြန့်ရေးသားဖော်ပြခြင်း ခံရလေသည်။ လေးညှို့ထိုကိစ္စများ ပြန့်နေသည်ကို မသိ၍ ပုံမှန်အတိုင်း ရုံးတက်ခဲ့သည်။

သူရုံးရောက်တည်းက လူအများတီးတိုး တီးတိုးဖြင့် သူ့အားကြည့်ကာ ပြောဆိုသည်ကို သတိထားမိသော်လည်း သူကတော့ ပြပွဲမှာ အနိုင်ရခဲ့ခြင်းကြောင့် ဆန်းပွင့်နေသည်ဟု ထင်ခဲ့မိသည်။

အဲ့နေ့ တစ်နေ့လုံးလည်း မင်းရောင်ခြယ်က ပုံမှန်အတိုင်းဆက်ဆံခဲ့တော့ သူလည်း သာမာန်‌ပြောဆိုသည်ဟု ထင်လိုက်မိသည်။ သို့သော် သူ၏အထင်များသည် မှားယွင်းနေကြောင်းကို နေ့လည်ကန်တင်းတွင် စားသောက်ချိန်၌ သိခဲ့ရလေသည်။

ဌာနမတူသည့် ဝန်ထမ်းအချို့က သူ့အားပိုမိုရှုံ့ချကာ မတူမတန်သလိုပင် ဆက်ဆံခံခဲ့ရလေသည်။ သူဖုန်းတွင်ရှာကြည့်လိုက်တော့ သတင်းတွင်တက်လာသည်က လေးညှို့သည် ဆေးမှုအပြင် ရမ်းကားမှုနှင့် ဓားထိုးရန်ဖြစ်မှု စသည့်မဟုတ်သည့် ပြစ်မှုများပင် သက်သေမရှိပဲ ရေးသားဖော်ပြထားသည်။

လေးညှို့ ထိုနေ့က ထမင်းပင်မစားနိုင်ပဲ အရှက်ရကာ နေရာမှထလာခဲ့ရသည့်အဖြစ်ပင်။ လူတွေရဲ့ မျက်လုံးများက ကြောက်စရာကောင်းလှသည်။ ဘယ်နားသွားသွား အာရုံစိုက်ခံရသည့်အကြည့်မျိုး၊ မိမိအား မသတီသည့်အကြည့်မျိုး၊ သူတို့ရဲ့ စူးရှပြင်းထန်လှသည့် အကြည့်များအောက်တွင် လေးညှို့ခံနိုင်ရည်မရှိခဲ့။

ထိုအကြည့်များသည် မိမိကိုသတ်ခဲ့သည့် ညှို့သက်ရဲ့အကြည့်များကဲ့သို့ပင် ပြင်းထန်လေသည်။ လေးညှို့ရင်ထဲ တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထွက်ကာ ကြောက်စိတ်ကြောင့် အသက်ပင်ဝဝမရှူနိုင်ခဲ့။ လေးညှို့၏ စိတ်ဓာတ်သည် မပျော့ညံ့သော်လည်း ထိုသို့သောအကြည့်များကိုတော့ မရှောင်လွှဲနိုင်ခဲ့ချေ။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now