Story 33

1.4K 72 2
                                    

Unicode
................

ဦးမှိုင်းညှို့သခင်ဦးစီးသည့် လေလံပွဲကြီးတွင် လေးညှို့နှင့် မင်းရောင်ခြယ်တို့လည်း ရောက်ရှိလို့နေလေသည်။ ဖခင်ဖြစ်သူ၏ပွဲမို့ လေးညှို့ကိုယ်တိုင် တက်ရောက်ပေးခြင်းလည်းဖြစ်သည်။

မင်းရောင်ခြယ်မှာတော့ ဖိတ်စာဖြင့်တက်ရောက်ခဲ့ခြင်းဖြစ်ကာ ‌အိမ်ပြန်သွားသည့် လေးညှို့ကိုစိတ်မချ၍ လိုက်လာခြင်းလည်း ဖြစ်သည်။

လေးညှို့က ပွဲခင်းထဲတွင် ဟိုဘက်ယောင်ယောင်၊ ဒီဘက်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်ပင် လုပ်လို့ကောင်းဆဲပင်။ လေ‌လံပွဲကြီးသည် တစ်ခမ်းတနားကျင်းပပြီး လူကုန်ထံအသိုင်းအဝိုင်းမှ ကျိကျိတက်ချမ်းသာသူများစွာလည်း တက်ရောက်လေသည်။

ဦးမှိုင်းညှို့သခင်သည် မိမိအမွေကိုဆက်ခံမည့်သားဖြစ်သူ ညှို့သက်သခင်ကို လူအများရှေ့တွင် တရားဝင်မိတ်ဆက်ပေးလို့လည်းနေလေသည်။

"ဦးမှိုင်းညှို့တို့များလေ သားလိမ္မာလေးတစ်ယောက်ရှိတာ ဂုဏ်ယူနေမှာပဲနော်။ "

" အဲ့လိုလည်းမဟုတ်ရပါဘူးဗျာ"

"ဒါနဲ့ သားအကြီးရှိသေးတယ် ကြားတယ်နော်။ ဟိုတစ်လောက နာမည်ကြီးသွားသေးတယ်လေ။ ဟိုဆေးစွဲနေတယ်ဆိုတာ"

စီးပွားရေးလုပ်ငန်းရှင်များကထိုသို့ပြောလိုက်တော့ ဦးမှိုင်းညှို့မျက်နှာသည် ကွက်ခနဲပျက်လို့သွားခဲ့လေသည်။

"အာ.... အဲ့ဒါက မနာလိုသူတွေ ချောက်ချခံရတာပါဗျာ။ ကျွန်တော့်သားက အဲ့လိုလူစားမျိုးမဟုတ်ပါဘူး"

"ဪ.. ဟုတ်မှာပါလေ။ ဒါပေမဲ့ ကျွန်မကြားတာတော့ ထောင်လည်း ကျဖူးသလားလို့။ ဘာပြစ်မှုနဲ့လဲမသိဘူး"

"ဟင်... အဲ့လိုလား"

"ဆေးမှုနဲ့လို့ပဲပြောကြတာလေ။ ဒါကို ဦးမှိုင်းညှို့က မဟုတ်ဘူးဆိုတော့လဲ.... "

ဦးမှိုင်းညှို့ခဗျာ မျက်နှာကြီးနီရဲကာ တစ်ရှက်ကနေ နှစ်ရှက်၊သုံးရှက်‌တွေဖြစ်လို့နေလေသည်။

"ခဗျားတို့စကားတွေက ဘောင်ကျော်နေပြီထင်တယ်နော်။ ကျုပ်ပွဲကိုတက်ပြီး ကျုပ်ကို စော်ကားနေတာတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now