Story 35

1.4K 65 8
                                    

Unicode
................

ဦးမှိုင်းညှို့ သတိလစ်သွားသဖြင့် ဆေးရုံတင်လိုက်ရသလို သခင်မိသားစု၏ အရှုပ်တော်ပုံသတင်းသည်လည်း မီဒီယာများကြား ပျံ့နှံ့လို့သွားခဲ့လေသည်။

"ဒယ်ဒီ... သတိရလာပြီ"

ဦးမှိုင်းညှို့ ကုတင်ပေါ်မှ လူးလှိမ့်ကာ နိုးလာလေသည်။ ဆေးရုံအခန်းထဲတွင် လေးညှို့အပါအဝင် ဒေါ်ခင်ခင်လေးနှင့်အတူ ညှို့သက်သခင်၊ မင်းရောင်ခြယ်၊ ဘုန်းမဟာသော်တို့လည်း ရှိနေလေသည်။ ဆရာဝန်ကို အကြောင်းကြားပြီးနောက် စစ်ဆေးမှုများပြုလုပ်ပြီး ပြန်လည်ထွက်သွားခဲ့သည်။

ဦးမှိုင်းညှို့ သတိရရချင်း ညှို့သက်ကို မြင်လိုက်ချိန် ဒေါသများပင်ထွက်လာပြန်သည်။

"ညှို့သက်သခင်... မင်း... မင်း... မိုက်လိုက်တဲ့ အကောင်"

"ဖေကြီးရယ် စိတ်လျော့စမ်းပါ။ ကိုယ့်ကျန်းမာရေးကို အရင် ဂရုစိုက်ရမယ်လေ"

"မင်း သားလုပ်ပုံကိုကြည့်လေ... လူကြားလို့မှမကောင်း အစ်ကိုကို ပြန်ချောက်ချရတယ်လို့။ မင်း ခုချက်ချင်း ညှို့ငယ်ကို တောင်းပန်လိုက်စမ်း သက်"

ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆူပူလိုက်လေသည်။ သို့သော် ညှို့သက်က မထီမဲ့မြင်ပြုလုပ်ကာ ပြန်ခံပြောလိုက်လေသည်။

"ကျွန်တော်က ဘာကိစ္စတောင်းပန်ရမှာလဲ။ မတောင်းပန်နိုင်ဘူး။ "

"မင်း... ငါလုပ်လိုက်ရ.."

"ဖေကြီး!!!!"

"ဒယ်ဒီ!!"

"သားငယ်လည်း စိတ်လျော့ပါကွယ်။ "

"မလျော့နိုင်ပါဘူး.... မာမီလည်း အဲ့ကောင်ဘက်က ပါဦးမှာပဲမလား။ ကျွန်တော်က တကယ်ပဲမာမီတို့သားဟုတ်နေလို့လား။ မွေးစားထားတာမလား... အဲ့ဒါကြောင့် အဲ့အကောင်ဘက်ကနေ ဝင်ပါနေတာ"

"ညှို့သက်သခင်... မင်းပါးစပ်ပေါက်ကို ပိတ်ထားလိုက်တော့။ မင်းကို ငါတို့ကျွေးမွေးထားတာ ဒီလိုကောက်ကျစ်တဲ့ အပြုအမူတွေ မွေးထားဖို့မဟုတ်ဘူး။ ညီအစ်ကိုချင်း သင့်သင့်မြတ်မြတ်နေရမယ်လို့ ပြောထားရဲ့နဲ့... မင်းကွာ... "

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completedحيث تعيش القصص. اكتشف الآن