Story 27

1.3K 66 6
                                    

Unicode
.................

နိုင်ငံပိုင်းဆိုင်ရာ ရတနာကုန်စည်ပြပွဲနှင့် ပြိုင်ပွဲနေ့ရောက်ရန် သုံးရက်သာလိုတော့သည်။ လေးညှို့၏ပြိုင်ပွဲဝင် ဒီဇိုင်းကိုလည်း အပြိီးသတ်ပြီးပြီဖြစ်တာကြောင့် စိတ်အေးလို့သွားရသည်။

နေ့မအားညမအား ကြိုးစားခဲ့သည့်ရလဒ်ကြောင့် လေးညှို့၏မျက်နှာထက်တွင် ကျေနပ်အပြုံးတို့များ လွှမ်းခြုံလျှက် ရှိနေသည်။ ဒီဇိုင်းတွေအားလုံးကို ဒီဇိုင်နာချုပ်မှလွှဲပြီး ကျန်သူများမှာသိခွင့်မရှိကြပေ။ ယုတ်စွအဆုံး သူဌေးကိုယ်တိုင်ပင် မသိရပေ။

လေးညှို့ သေချာစစ်ဆေးပြီးနောက် print ထုတ်ကာ စာအိတ်ထဲသို့သေချာ သပ်သပ်ရပ်ရပ်ထည့်ထားလိုက်လေသည်။ ထို့နောက် စာအိတ်လေးကို ခရမ်းရောင် ကြိုးစဖြင့်ချည်ပိတ်လိုက်ပြီးနောက် အံဆွဲထဲသို့ လုံလုံခြုံခြုံ သိမ်းဆည်းထားလိုက်တော့သည်။

စာအိတ်လေးကို ညနေရုံးဆင်းခါနီးလောက်မှ သွားပေးရန် ရည်ရွယ်ထားတာကြောင့် ထိုသို့သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ ရိုင်လေရဲ့လက်ထောက်အကူဖြစ်ရသည့် ကာလပတ်လုံး သူ့မှာ အငြိမ်မနေရပေ။

အနားရောက်လာပြီး ဟိုနားအသားယူလိုက်၊ ဒီနားအသားယူလိုက်ဖြင့် အချိန်တွေကုန်လွန်နေခဲ့သည်။ ဒီကြားထဲ လူရှေ့သူရှေ့မှာ အလေးပေးမှုကြောင့် တစ်ချို့သူတွေပင် လေးညှို့အား မနာလိုမုန်းထားသူများလည်း များလာခဲ့လေသည်။

အထူးသဖြင့် ဒီဇိုင်နာချုပ်ကြီးပင်။ သူမကအသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် မန်နေဂျင်းနှင့် ဒီဇိုင်နာချုပ်ဟူသော ရာထူးကိုရထားသော်လည်း သူဌေး၏အလေးပေးခြင်းကိုမခံရတာကြောင့် လေးညှို့အားအလုပ်တွေ ပိုခိုင်းလေသည်။

ထို့အပြင် တခြားဌာနကဝန်ထမ်းအချို့လည်း လေးညှို့ကွယ်ရာမှာ တီးတိုးပြောဆိုကြသည်။ အလုပ်သင်အုပ်စုကတော့ လေးညှို့ကို အားကျကြပြီး ကံကောင်းသည်ဟုပင်ဆိုလာသေးသည်။

ထိုသို့သောအမျိုးမျိုးအဖုံဖုံ ဝေဖန်မှုများကြားတွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးလည်းရှိခဲ့လေသည်။ ထိုသူကတော့ သူ၏ချစ်လှစွာသော ညီငယ်လေး ညှို့သက်သခင်ပင်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now