2.လှည့်စားခံရသောကံကြမ္မာ

423 59 8
                                    


" သေချာပေါက် သန်းခေါင်ယံကျော်လွန်ပြီး တစ်နာရီတိတိမှာ
မွေးဖွားလာတာကိုအာရုံခံစားမိလိုက်တာပါ။"

မိုးသည်းထန်နေတာကတစ်ကြောင်း ကလေးငိုသံကိုမကြားရတာကတစ်ကြောင်းကြောင့် မိဖုရားခေါင်ကြီးမွေးဖွားတဲ့အချိန်ကို သားဖွားခန်းကလူတွေကလွဲရင် ဘယ်သူမှအတိအကျမသိနိုင်ပေမယ့် နတ်ဆရာမကြီးကတော့ဖြင့် မွေးဖွားတဲ့အချိန်အမှန်ကို အသေအချာခံစားမိလိုက်သည်ပင်။

" မင်းသမီးလေးဖြစ်ရမယ့်နေရာမှာ မင်းသားလေးဖြစ်သွားတာကလွဲရင် ကျန်တာအားလုံးက ကြိုတင်ခန့်မှန်းမိထားတဲ့
အတိုင်းပါပဲ ။

မိဖုရားခေါင်ကြီးက ကောင်းကင်ဘုံရဲ့အလိုကို ဆန့်ကျင်ပြီးကလေးမွေးဖွားတဲ့အချိန်နဲ့ကလေးရဲ့ဇာတာကိုပြောင်းလဲဖို့ကြိုးစားနေတာ။

ဒါကလည်း ကလေးရဲ့ကံကြမ္မာတစ်စိတ်တစ်ပိုင်းပဲမို့ ငါတို့တာဝန်က မင်းသားငယ်လေးရဲ့ကံကြမ္မာကို မိဖုရားကြီးပြောတဲ့မွေးဖွားချိန်နဲ့ကိုက်အောင် ဟောပေးဖို့ပဲ ။"
.
.
.

" ဘာပြောတယ် မိဖုရားခေါင်ကြီးက မင်းသားလေးမွေးတယ်ဟုတ်လား "

"ဟုတ်မှန်ကြောင်းပါ ဆိုဟုမယ်မယ် (မိဖုရားငယ်)"

" ကိုယ်ဝန်ရှိခါစကလည်း ဘယ်သူမှမသိအောင် ဖုံးကွယ်ထားပြီး ဗိုက်တော်တော်ပေါ်လာမှ နန်းတွင်းထဲကလူတွေသိရတယ်။
နောက်တော့ သူစားလိုက်တဲ့အစားအစာတွေအားလုံးနဲ့သူ့ရဲ့အမူအကျင့်တွေအားလုံးက သမီးမိန်းကလေးကိုယ်ဝန်လွယ်ရတဲ့အခါ ဖြစ်တတ်တဲ့အကျင့်တွေပဲဖြစ်နေတဲ့အပြင် သမားတော်တွေ နတ်ဆရာမတွေကအစ မင်းသမီးလေးဖြစ်မယ်လို့ ခန့်မှန်းကြတာမို့ မင်းသမီးလေးပဲမွေးမယ်လို့ သတင်းတွေကြီးနေခဲ့တာလေ။

အဲဒါကြောင့်ငါ့ဘက်ကလည်း မင်းသမီးဆိုရင်တော့မွေးပါစေဆိုတဲ့စိတ်နဲ့ ပေါ့လျော့ပြီး လုပ်စရာရှိတာတွေမလုပ်ခဲ့တာ အခုမှလာပြီးမင်းသားမွေးတယ်ဆိုတော့
ဘယ်လိုလုပ်ရမှာလဲ။
မိဖုရားခေါင်ကြီးရဲ့သားတော်နဲ့ ငါ့လိုမိဖုရားငယ်ရဲ့သားတော်နဲ့ဆို ဘယ်သူကအိမ်ရှေ့စံဖြစ်မလဲဆိုတာ အသိသာကြီး။
အခုချက်ချင်း ငါ့အဖေ အမတ်ချုပ်ကြီးကိုဆင့်ခေါ်လာခဲ့ သူနဲ့တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ရမယ် အရေးကြီးတဲ့အချိန်ကိုရောက်နေပြီ အဖေ့ကို အခု မြန်မြန်သွားပင့်ခဲ့။"

Majestic Love Story In Dae Goguyeo Where stories live. Discover now