16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း

410 65 17
                                    

ဂျုံဆောင်းနဲ့အရက်သောက်ပြီး မင်္ဂလာခန်းထဲသို့ဝင်လာချိန်မှာ အခန်းထဲမှာ မည်သူမျှရှိမနေတာကြောင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

မင်္ဂလာတအားဆောင်ချင်နေတဲ့သူကအခုကျ မင်္ဂလာခန်းထဲမဝင်လာဘဲ ​ဘာတွေကြံစည်နေသည်မသိချေ။

ထိုသူရဲ့မျက်နှာကိုကြည့်ရင်ကံဆိုးစေမည်လို့အများကပြောကြပေမယ့်ဆောင်ဟွန်းကတော့အယုံအကြည်မရှိပါချေ။

တော်ဝင်မိသားစုတွေက ဉာဏ်နီဉာဏ်နက်များပြီးကောက်ကျစ်ကြတဲ့သူတွေချည်းပဲလေ။

မင်္ဂလာခန်းမှာမရှိတာနဲ့ ဘေးကပ်လျက်ကအခန်းထဲဝင်လာလိုက်တော့ ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့သူကိုတွေ့လိုက်ရသည်။

အိပ်တာတောင် မျက်မှာကိုပဝါစည်းထားတာမို့ ဆောင်ဟွန်းသူ့အစားမွန်းကြပ်လာသည်။

အခန်းတံခါးပိတ်ပြီး အခန်းထဲကိုဝင်လာလိုက်တော့ ခြေသံကြားတာကြောင့်နိုးလာပုံရတဲ့သူက အိပ်နေရာမှလူးလဲထပြီး ဆောင်ဟွန်းကိုမြင်တော့ မင်္ဂလာခန်းကဟိုဘက်မှာဆိုတဲ့အကြောင်းပြောပြနေသေးသည်။

ဆောင်ဟွန်းကိုကြည့်နေတဲ့မျက်ဝန်းတွေမှာ ကြောက်လန့်တုန်လှုပ်တဲ့အရိပ်အရောင်တွေတွေ့နေရတာမို့ စိတ်ဒုက္ခပေးဖို့အနားကိုတိုးကပ်သွားချိန်မှာ ဝိုင်းစက်သွားတဲ့မျက်လုံးတွေကို ရင်းနှီးသလိုခံစားလိုက်ရသည်။

သူ့ကိုအရင်ကတွေ့ဖူးတာများလား။
တဖြည်းဖြည်းနီးကပ်လာတာကြောင့် ကုတင်တစ်ဖက်စွန်းမှာ ကုပ်တွယ်တက်တော့မတတ်ရှောင်ဖယ်နေတဲ့သူကို စိတ်မရှည်တော့ဘဲ အားသုံးကာအပေါ်မှအုပ်မိုးလိုက်တော့မျက်ဝန်းမှာမျက်ရည်စတွေကိုတွေ့လိုက်ရသည်။

စိတ်ဒုက္ခပေးချင်ရုံသက်သက်သာ အုပ်ထားသောပဝါစပေါ်မှ နှုတ်ခမ်းတွေဆီအသာအယာဖိကပ်လိုက်တော့ လက်ဖြူဖြူသွယ်သွယ်လေးတွေက ရင်ဘတ်ကိုထုရိုက်လာသည်။

ထိကပ်ရုံသာရည်ရွယ်ခဲ့ပေမယ့် ဆန်မုန့်လေးလို
အိစက်နေတဲ့နှုတ်ခမ်းလေးကြောင့်ဆောင်ဟွန်းရင်ခုန်သံတွေမူမမှန်ချင်တော့ပေ။

Majestic Love Story In Dae Goguyeo Where stories live. Discover now