မနက်ဝေလီဝေလင်းမှာ လည်ပင်းဆီမှ စူးရှတဲ့အထိအတွေ့ကြောင့်နိုးလာခဲ့သည်။ တစ်ညလုံးလည်း ထိုစူးရှမှုကြောင့်ခဏခဏလန့်နိုးခဲ့ရတာမို့ ဆောနူး အိပ်ရေးပင်မဝချင်။
ဆောနူးအနည်းငယ်လူးလွန့်မိရုံနဲ့ ဟွန်းက သတိကြီးသူပီပီ မျက်လုံးများဖွင့်ကြည့်လာသည်။
" ဆောန် စောသေးတယ် ပြန်အိပ်ဦးလေ။
ကိုယ် မျက်နှာသစ်ရေချိုးပြီး အလုပ်ပြန်လုပ်လိုက်ဦးမယ်။"ဆောနူးကိုတော့ပြန်အိပ်ခိုင်းနေပြီး သူကတော့ အလုပ်ပြန်လုပ်ဖို့ပြင်နေတဲ့ဟွန်းကို ဆောနူးကိုယ်တိုင်ရေချိုးခန်းရှိရာသို့ဆွဲခေါ်လာသည်။
အချိန်စောလွန်းသေးတာကြောင့်
အလှည့်ကျ
ကင်းစောင့်စစ်သည်တွေမှလွဲ၍ အခြားသူများအားလုံးမနိုးကြသေးပေ။..
.
.
ပေါင်ပေါ်မှာထိုင်ကာ နှုတ်ခမ်းမွှေး မုတ်ဆိတ်စူးစူးတွေကို ဓားဖြင့်သေချာရိတ်သင်ပေးနေသောဆောန်ကို ဆောင်ဟွန်း သဘောကျစွာထိုင်ကြည့်နေမိသည်။
ဆောန်က ဘယ်အချိန်ပဲဖြစ်ဖြစ်သူ့ရင်ကို ငြိမ်းအေးစေသည်။ဆောန်သာသူ့အနားမှာ ရှိမနေခဲ့ရင်
အခုရက်ပိုင်း ကြုံရတဲ့စိတ်ပင်ပန်းမှုတွေကို ဆောင်ဟွန်းဖြတ်ကျော်နိုင်ဖို့ယုံကြည်ချက်မရှိပေ။
.
." မင်းအခုရက်ပိုင်း အလုပ်တွေပဲဖိလုပ်နေတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ အချိန်မရှိဘူးဖြစ်နေတာလေ"
ဆောင်ဟွန်းထိုင်ကြည့်နေတာကို မနေတတ်သလိုနဲ့နားရွက်ဖျားလေးတွေရဲနေတဲ့ဆောနူးက အရှက်ပြေ ဖြေရှင်းချက်ပေးနေသေးသည်။
" ဒီအတိုင်းထားလိုက်လည်းရပါတယ် နှုတ်ခမ်းမွှေးနဲ့ဆိုတော့ ပိုခန့်သွားတာပေါ့မဟုတ်ဘူးလား "
" ခန့်တာက ခန့်ပေမယ့်
ငါ.. ငါကောင်းကောင်းအိပ်လို့ မရဘူး ဟွန်းရဲ့"ဓားကိုရေနဲ့ဆေးချလိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ပြောလာတဲ့ဆောန်ရဲ့ပုံစံလေးကြောင့် အသည်းယားကာဖျစ်ညှစ်ပစ်ချင်စိတ်တို့ကိုထိန်းချုပ်နေရသည်။
" ဘာလို့ကောင်းကောင်းအိပ်လို့မရတာလဲ "
" စူးလို့ "
YOU ARE READING
Majestic Love Story In Dae Goguyeo
Fanfictionစစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာဆိုလို့ မသေခင်မှာနမ်းရှိုက်သွားချင်တဲ့ ပါးအိအိလေးတွေရဲ့ပိုင်ရှင် အရှင့်သားပဲရှိပါတယ်။ စစ္ထြက္ခါနီးတိ...