ကြိုပြီးပြောထားခဲ့သလိုပဲ ဒီfic လေးက
ဂိုဂူလျော၊ ရှီလာ၊ ဘတ်ဂျယ်ဆိုတဲ့ ကိုရီးယားသုံးပြည်ထောင်ခေတ်ရဲ့ ခေတ်နှောင်းပိုင်းကိုအခြေတည်ပြီး ရေးထားတဲ့ficလေးပါ။ကိုရီးယားသမိုင်းကိုပြန်ကြည့်လိုက်ရင် ပထမဆုံးအနေနဲ့ ဂိုဂျိုဆွန်းလို့ခေါ်တဲ့
ရှေးခေတ်ဂျိုဆွန်းလူမျိုးတွေခေတ်ကနေစတင်ခဲ့ရာကနေ အဲဒီခေတ်ပြီးနောက်မှာ
ဂျူမုံဘုရင်က ဂိုဂူလျောကိုတည်ထောင်ပြီးနောက် ဂိုဂူလျော၊ရှီလာ၊ဘတ်ဂျယ် ဆိုတဲ့
ကိုရီးယားသုံးပြည်ထောင်ခေတ်ကိုရောက်လာတယ်။နောက်ပိုင်းမှာ ရှီလာက တရုတ်နိုင်ငံ ( အဲ့ဒီအချိန်ကတော့ ထန်မင်းဆက်အုပ်ချုပ်တဲ့ ထန်နိုင်ငံပေါ့) နဲ့ ပူးပေါင်းပြီး ဂိုဂူလျောကိုသိမ်းလိုက်ပြီး၃ပြည်ထောင်ကိုပေါင်းစည်းခဲ့တယ်။
အဲဒီနောက်မှာတော့ ဂိုလျောခေတ်ရောက်လာတယ်။
ဂိုလျောခေတ်ပြီးတဲ့နောက်မှ အခုကြည့်နေရတဲ့နန်းတွင်းကားတော်တော်များများရဲ့အခြေတည်ရာခေတ်ဖြစ်တဲ့ဂျိုဆွန်းခေတ်ကိုရောက်တယ်ပေါ့နော်။
အခုficလေးထဲအခြေတည်ထားတဲ့
သုံးပြည်ထောင်ခေတ်ရဲ့ခေတ်နှောင်းပိုင်းအချိန်က တရုတ်နိုင်ငံ စွေ့မင်းဆက်ပျက်သုဉ်းပြီး ထန်မင်းဆက်စတင်အခြေတည်လာချိန်လည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂိုဂူလျောကို တရုတ်နိုင်ငံရဲ့ရန်ကနေ ထက်မြက်တဲ့စစ်ဗျူဟာတွေနဲ့ တံတိုင်းကြီးသဖွယ်ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အပြင် ဘုရင်နဲ့တော်ဝင်မိသားစုတွေအပေါ်မှာပါ သြဇာလွှမ်းမိုးနိုင်တဲ့ စစ်သေနာပတိချုပ်ကြီးတစ်ဦးကတော့ ယောင်းဂယ်ဆိုမွန်းလို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါပဲ။
ဂိုဂူလျော တော်ဝင်မိသားစုကိုဒုက္ခရောက်စေမယ့်နိမိတ်နဲ့မွေးဖွားလာပြီး တော်ဝင်မိသားစုက သူ့ကို တိတ်တဆိတ်လိုက်လံရှင်းလင်းဖို့လည်းကြိုးစားခဲ့ပါသေးတယ်။
သူ့ကိုယ်တိုင်အရည်အချင်းကထက်မြက်ရုံသာမက သူ့ရဲ့စစ်သည်တွေကလည်း
ဂိုဂူလျောရဲ့အထူးလေ့ကျင့်ထားတဲ့အသေခံစစ်သည်တွေဖြစ်တာကြောင့် စစ်ရေးမှာအထူးကျွမ်းကျင်ပြီး စစ်ရေးဗျူဟာလည်းပိုင်နိုင်ကျွမ်းကျင်ကြပါတယ်။
YOU ARE READING
Majestic Love Story In Dae Goguyeo
Fanfictionစစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာဆိုလို့ မသေခင်မှာနမ်းရှိုက်သွားချင်တဲ့ ပါးအိအိလေးတွေရဲ့ပိုင်ရှင် အရှင့်သားပဲရှိပါတယ်။ စစ္ထြက္ခါနီးတိ...